အခန်း ၃၃၇

26 4 0
                                    

Lucius က သဘောထားကြီးတဲ့ ဧကရာဇ်တစ်ပါး အထူးသဖြင့် သူနဲ့ရင်းနှီးတဲ့သူတွေအပေါ်မှာ ပိုပြီးတော့ သဘောကောင်းတတ်တဲ့သူဖြစ်သည်. သူက Poliana နဲ့ Sir Ainno တို့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ အမြဲတမ်းယူဆခဲ့ပြီး အခု သူက Poliana ကို ချစ်နေတဲ့အကြောင်း ဖွင့်ပြောပြီးတဲ့နောက်မှာတော့ Poliana အနေနဲ့ သူ့ဆီကနေ ဘာမဆိုတောင်းဆိုနိုင်လာပြီး သူကလဲ သူမတောင်းဆိုသမျှကို ဖြည့်ဆည်းပေးချင်နေသည်. Lucius က Poliana သာ တောင်းဆိုလာလျှင် သူက ဒီကမ္ဘာကြီးကိုတောင် သူမကို ပေးလိုက်နိုင်သည်. သူက ချစ်ရည်ရွှန်းနေတဲ့အကြည့်တွေနဲ့ သူမကို ကြည့်လိုက်သည်.

ခါတိုင်းလိုပဲ Poliana က အစားအသောက်တွေကို အလျင်အမြန်စားသောက်နေပြီး ဧကရာဇ်က သူမကို ပျော်ရွှင်စွာနဲ့ စောင့်ကြည့်နေသည်. သူမက ဒီကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးသူလို့ မြင်နေပြီး သူ့အပြုံးတွေက မရပ်တန့်နိုင်တော့ပေ. Lucius က ထပ်ခါထပ်ခါပြုံးနေပြီး သူ့မာနနဲ့ ဂုဏ်သိက္ခာကိုတောင် ထည့်မတွက်နိုင်တော့ပေ. Poliana ကတော့ ဘာကြောင့်လဲဆိုတာကို နားမလည်နိုင်ပေ.

သူမရဲ့ အစာစားချင်စိတ်များတာကို သူက ဂုဏ်ယူနေတာလား? သူမ ကောင်းကောင်းစားနေတာကိုကြည့်ပြီး ဂုဏ်ယူနေတာလား?

'အင်း... ကိုယ်သဘောကျနေတဲ့သူက အားပါးတရစားနေတာကို ကြည့်ရတာ အရမ်းစိတ်ကျေနပ်ဖို့ကောင်းတယ်ဆိုတာ အမှန်ပဲ'

Poliana က ဧကရာဇ်ကို ပြောလိုက်သည်.

"ကျွန်မက Mo Mo အကြောင်းကို ပြောချင်တာပါ အရှင်. အရှင့်အနေနဲ့ သူ့ကို အရှင့်ရဲ့မှတ်တမ်းတင်အရာရှိအဖြစ် ပြန်ခန့်ထားပေးစေချင်တယ်"

"ဘာလို့ ရုတ်တရက်ကြီး သူ့အကြောင်းပြောရတာလဲ?"

"ကျွန်မ အမှားတစ်ခုလုပ်ခဲ့မိပြီးတော့ သူ့အပေါ် အကြွေးတင်မိနေတယ်. သူ့ကို မှတ်တမ်းတင်အရာရှိ ပြန်ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိပေးခဲ့တာ"

ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ Lucius က Mo Mo ရဲ့ လိမ်ညာမှုကို ဒေါသမထွက်ခဲ့ပေ. တကယ်လို့ ကိစ္စတွေက ဧကရာဇ်နဲ့ တိုက်ရိုက်ပတ်သက်နေမယ်ဆိုတာကို Mo Mo သိခဲ့ရင် Mo Mo က သူ့ကို အမှန်အတိုင်းပြောပြမယ်ဆိုတာကို သူယုံကြည်သည်. Lucius က လေးနက်တဲ့အမူအရာနဲ့ ပြန်ဖြေလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Donde viven las historias. Descúbrelo ahora