အခန်း ၃၂၅

42 6 0
                                    

Poliana အနေနဲ့ လူတိုင်းရဲ့မျှော်လင့်ချက်နဲ့ ကိုက်ညီတဲ့ ယောက်ျားတစ်ယောက်ကိုရှာသင့်တယ်လို့ အမျိုးသမီးအများစုက ပြောခဲ့ကြသည်.

"Marquess Winter, ရှင်က ကိုယ့်စိတ်ကြိုက်ယောက်ျားတစ်ယောက်ကို ရွေးချယ်ခွင့်ရှိတဲ့ အမျိုးသမီးအနည်းစုထဲကတစ်ယောက်. အင်း.. တစ်ဦးတည်းသော အမျိုးသမီးတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်. ဒါကြောင့် ရှင်က အရမ်းအံ့အားသင့်စရာကောင်းတဲ့လူတစ်ယောက်ကို လက်ထပ်နိုင်ဖို့ ကျွန်မတို့က မျှော်လင့်နေကြတာ"

ဒါပေမဲ့ Tory အခု သူမကို ပြောနေတာကတော့ မတူညီတဲ့အကြောင်းအရာဖြစ်နေသည်. အမျိုးသမီးအများစုစိတ်ထဲမှာရှိနေတဲ့ "ခင်ပွန်းကောင်းတစ်ယောက်"ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က လိင်အမျိုးအစားမတူတာကလွဲရင် "ဇနီးကောင်းတစ်ယောက်"ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ အတူတူပဲဖြစ်သည်.

ခင်ပွန်းကောင်းတစ်ယောက်က ငယ်ရွယ်ကြည့်ကောင်းတဲ့သူဖြစ်ကာ ကြင်နာတတ်ပြီး အရည်အချင်းရှိရမှာဖြစ်သလို ကောင်းမွန်တဲ့မိသားစုအသိုင်းအဝိုင်းက မွေးဖွားလာတာဖြစ်ရမည်.

Poliana က အောင်မြင်ပြီး အာဏာရှိတဲ့အမျိုးသမီးဖြစ်တာကြောင့် သူမက "အကောင်းမွန်ဆုံးခင်ပွန်းလောင်း"ကိုရွေးချယ်ခွင့်ရှိတယ်လို့ အမျိုးသမီးတွေက ယူဆထားကြသည်. ဒီလိုသာဆိုရင်တော့ Lucius ထက် ပိုကောင်းမဲ့ယောက်ျားတစ်ယောက်မှ မရှိတော့ပေ. သူက ကျက်သရေရှိကာ တင့်တယ်ပြီး အရည်အချင်းရှိသလို အကောင်းမွန်ဆုံးမိသားစုမှ မွေးဖွားလာခဲ့တာ ဖြစ်သည်. တကယ်တော့ Poliana က ဂုဏ်ယူနေသင့်သည်.

ပြဿနာက Poliana က ဒီအခြေအနေဖြစ်အောင် "ရွေးချယ်"ခဲ့တာမဟုတ်ပေ. သူမက "ရွေးချယ်ခံ"လိုက်ရတာဖြစ်သည်. ပုံမှန်သာဆိုရင်တော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီအခြေအနေကို ဝမ်းသာအားရလက်ခံကာ ဦးညွတ်နေမှာဖြစ်သည်.

ဒါပေမဲ့ Tory က Poliana ကို အကြံပေးလာသည်.

"ရှင့်မှာ ဧကရာဇ်နဲ့ မင်းသားတစ်ပါးမွေးထားလဲ ကိစ္စမရှိဘူး. ရှင့်ရဲ့ရွေးချယ်ခွင့်နဲ့ ပတ်သက်ပြီး ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး"

Emperor and the Knightness (Zawgyi) Book - 2Onde histórias criam vida. Descubra agora