အခန်း ၃၁၂

43 7 0
                                    

Sir Donau ရဲ့စကားတွေက Poliana ကို အံ့ဩသွားစေခဲ့သည်. သူမက ဒီလိုမျိုးဘယ်တုန်းက မတွေးခဲ့ဘူးပေ. Duke Luzo က ပျော်ရွှင်နေတဲ့အိမ်ထောင်သည်ဖြစ်နေတာကြောင့် သူ့ကို နမူနာထားကာ စဉ်းစားမိတဲ့အတွက် အပြစ်ရှိသလိုတော့ ခံစားရလိုက်ပေမဲ့ သူနဲ့သာဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို မှန်းဆကြည့်လိုက်သည်.

Duke Luzo က လက်မထပ်ရသေးပဲ Poliana ကို ချစ်မိနေတယ်ဆိုကြပါစို့. သူက နာခံတတ်တဲ့လူမျိုးဖြစ်တာကြောင့် Poliana ပြောသမျှကို နားထောင်ကာ သူမဆန္ဒအတိုင်း လိုက်လုပ်ပေးမှာ သေချာသည်. သူမက Yapa မှာနေပြီး ဒုတိယတပ်ဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လုပ်ဖို့ ခေါင်းမာစွာနဲ့ တောင်းဆိုခဲ့ရင် Duke Luzo လို လူမျိုးက သူမနဲ့အတူ မြို့တော်မှာပဲ နေလိုက်မှာ သေချာသည်. သူက Yapa ရဲတိုက်မှာ နေကာ Lucius အတွက် အလုပ်တွေလုပ်ပေးလောက်သည်.

တခြားအမျိုးသားတွေနဲ့ဆိုရင်လဲ ဒီလိုမျိုးပဲ ဖြစ်လာလောက်သည်. ဒီလိုမျိုးတွေးကြည့်ရတာ မုန်းတီးစရာကောင်းပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် သူမက Sir Ainno နဲ့ လက်ထပ်ခဲ့ရင်တောင် သူမပိုင်ဆိုင်ထားတာတွေအများကြီး ဆုံးရှုံးလိုက်စရာအကြောင်းမရှိပေ.

Lucius မဟုတ်ပဲ တခြားအမျိုးသားတွေနဲ့ လက်ထပ်တာက သူမပိုင်ဆိုင်ထားတာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မဲ့ အခွင့်အရေးပိုများသည်. ဒါဆို ဒီလောက်ယောက်ျားတွေ အများကြီးထဲမှာမှ ဘာလို့ သူမရဲ့ဧကရာဇ်ကိုပဲ လက်ထပ်ရမှာလဲ? သူမအသည်းအသန်ကြိုးစားအားထုတ်ကာ ထိန်းသိမ်းထားချင်နေတဲ့အရာအားလုံးကို ဧကရာဇ်က သူမကို ပေးခဲ့တာဖြစ်သည်. အခုတော့ သူမကို ပေးခဲ့တဲ့သူကပဲ သူမဆီကနေ အားလုံးကို ပြန်ယူသွားတော့မှာဖြစ်သည်.

"ဟားဟား..."

အခုအချိန်အထိ, Polianaမှာ သူမရဲ့အခြေအနေကို ပြောပြနိုင်မဲ့သူ တစ်ယောက်မှမရှိပေ. သူမက တစ်ယောက်တည်းစိတ်ရှုပ်နေခဲ့ပြီး အခုတော့ အနည်းငယ် စိတ်သက်သာရာရသွားသည်. Poliana က တိတ်တဆိတ်ရယ်လိုက်တော့ Sir Donau ကလဲ ပြုံးသွားသည်. သူက သူမရဲ့အပြုံးတွေကို သဘောကျသည်. သူမပျော်နေတာကို မြင်ရတာနဲ့ သူလဲ ပျော်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now