အခန်း ၂၉၀

45 4 0
                                    

မဖိတ်ခေါ်ထားတဲ့ဧည့်သည်က ထင်မှတ်မထားတဲ့အချိန်မှာ Sitrin ကို ရောက်လာခဲ့တာကြောင့် ဒေသခံအရာရှိတွေက စိုးရိမ်လာကြသည်. စာရင်းစစ်ရမဲ့အချိန် မရောက်သေးပေမဲ့ မြို့တော်က စာရင်းစစ်က ဒီမှာရောက်နေပြီ...

ဒီအရာရှိက မြို့တော်အကြောင်းကို သိချင်လို့မဟုတ်ပဲ Poliana အကြောင်းထောက်လှမ်းဖို့ရောက်လာတာကို ဒေသခံအရာရှိတွေက မသိကြတာကြောင့် ဧကရာဇ်ရဲ့ နယ်မြေတွေအပေါ်စီမံခန့်ခွဲနိုင်မှုကို အထင်ကြီးလေးစားသွားသည်.

Yapa ကနေ ရောက်လာတဲ့ စာရင်းစစ်က မေးလာသည်.

"Marquess က ဘယ်မှာလဲ?"

သူက Poliana ကို မေးလိုက်တာကြောင့် အလုပ်သမားတွေက ချွေးပျံလာသည်. တကယ်လို့ သူတို့က သူတို့ရဲ့သခင်မနဲ့တွေ့ဖို့ကို ငြင်းဆန်လိုက်ရင် ဒါက ပြဿနာဖြစ်လာနိုင်သည်.

Poliana က သီးခြားစံအိမ်မှာသာ နေထိုင်နေပြီး အလုပ်သမားတွေကလွဲရင် တခြားသူတွေနဲ့ တွေ့ဖို့ ငြင်းဆိုထားသည်. စာရင်းစစ်က သူမနဲ့တွေ့ခွင့်တောင်းတာက မသင့်လျော်တာမဟုတ်ပေ. သူ့အနေနဲ့ Sitrin နယ်မြေပိုင်ရှင်နဲ့ တွေ့ခွင့်ရှိသည်. တကယ်လို့ ဒီတောင်းဆိုချက်ကို လက်မခံခဲ့ရင် Poliana က တိုင်းပြည်နဲ့ဧကရာဇ်အပေါ် သစ္စာမရှိတော့ဘူးလို့ စာရင်းစစ်က ထင်သွားနိုင်သည်.

အလုပ်သမားတွေက စာရင်းစစ်အလုပ်များနေအောင် အမျိုးမျိုးဆင်ခြေပေးထားချိန်မှာ Poliana က စဉ်းစားနေသည်. သူမက သူနဲ့တွေ့ဖို့ ငြင်းဆန်လို့မရပေ. ဒါပေမဲ့ စာရင်းစစ်က သူမရဲ့ ဝမ်းဗိုက်ကြီးကို သတိမထားမိပဲ နေမှာမဟုတ်ပေ. သူမကိုယ်ဝန်ရှိနေတဲ့အချက်ကို ဖုံးထားလို့မရနိုင်ပေ. စာရင်းစစ်က ရုတ်တရက် မကန်းသွားသရွေ့ သူက ချက်ချင်းသိသွားလောက်သည်.

ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ စာရင်းစစ်က Poliana နဲ့ သိကျွမ်းပြီးသားဖြစ်သည်. သူ့နာမည်ကို ကြားလိုက်တာနဲ့ သူမမျက်နှာက အနည်းငယ်တောက်ပသွားသည်. သူမက သူ့ကိုတွေ့ဖို့ ဆုံးဖြတ်လိုက်သည်. စာရင်းစစ်က သူ့တောင်းဆိုချက်ကို လက်ခံလိုက်ကြောင်း သိလိုက်ရချိန်မှာတော့ သူက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now