အခန်း ၂၀၅

79 4 0
                                    

ဝမ်းနည်းနေတဲ့ Lucius က သူ့ရုံးခန်းထဲမှာပဲ တိတ်ဆိတ်စွာရှိနေသလို Marquess Winter ကလဲ သူမကိုယ်သူမ အပြစ်ပေးတဲ့အနေနဲ့ သူမအိမ်ထဲမှာပဲ နေနေခဲ့သည်. ပထမတပ်ဖွဲ့ခေါင်းဆောင် Sir Ainno က စိတ်ရှုပ်နေတဲ့ပုံစံနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးနေသည် သူ့မျက်နှာက အမြဲတမ်းဒီလိုပုံစံဖြစ်နေတာကြောင့် ထူးဆန်းစရာတော့မဟုတ်ပေမဲ့ အခုအချိန်မှာတော့ သူ့မျက်နှာအမူအရာက အနည်းငယ်ကွဲပြားနေသည်. သူက လုံးဝမပျော်ရွှင်တဲ့ပုံစံဖြစ်နေပြီး သူ့လူတွေကို မကြာခဏဆိုသလို အော်ဟစ်ကြိမ်းမောင်းနေတတ်သည်.

Lucius နဲ့ Poliana တို့ နှစ်ယောက်လုံးက မကြာသေးခင်ကမှ ဆုံးပါးသွားတဲ့ Lady Rebecca နဲ့ ရင်းနှီးတာကြောင့် သူတို့ဝမ်းနည်းနေတာကဖြစ်သင့်ပေမဲ့ Sir Ainno က ဘာလို့ ဒေါသထွက်နေရတာလဲ? Sir Ainno က ဧကရာဇ်ရဲ့ဇနီး Lady Rebecca နဲ့ ချစ်နေတာ ဆိုတဲ့ ထူးဆန်းတဲ့သတင်းတွေ ထွက်လာခဲ့သည်. ဒါပေါ့ Sir Ainno ကတော့ ဒီသတင်းကို ပြတ်သားစွာနဲ့ ငြင်းဆန်ခဲ့သည်.

ပထမတပ်ဖွဲ့က ကိုယ်ရံတော်တွေက သိချင်စိတ်အပြည့်နဲ့ ပြောဆိုနေကြသည်.

"ဒါဆို သူက ဘာလို့ ဒီလောက်စိတ်ရှုပ်နေတာလဲ?"

"အဲ့တာ သူက အထီးကျန်နေတဲ့ လူပျိုကြီးဖြစ်နေလို့လေ"

"အို.. ဟုတ်လား?"

"သူ Nanaba ကို သွားတုန်းက သူ့လက်ထပ်ပွဲအတွက် စီစဉ်နေတဲ့အကြောင်းပြောတာ ငါ ကြားလိုက်ရတယ်"

"ဒါပေမဲ့ အခုက တော်ဝင်နာရေးကာလဆိုတော့ အထက်တန်းလွှာတွေက ဒီနှစ်ထဲမှာ လက်ထပ်လို့ရဦးမှာမဟုတ်..."

"အဲ့တာပဲ အတိအကျပဲ. Sir Ainno က ဒီနှစ်ထဲမှာ လက်ထပ်လို့မရတော့လို့ စိတ်တိုနေတာဖြစ်မယ်"

ဒီသတင်းက မှန်လားမမှန်ဘူးလားဆိုတာကို ကိုယ်ရံတော်တွေက မသိနိုင်ပေမဲ့ သူတို့က ဂရုမစိုက်ခဲ့ပေ ဘာပဲဖြစ်ဖြစ် အတင်းတုပ်ရတာက အမြဲတမ်းပျော်စရာကောင်းတဲ့ ကိစ္စဖြစ်သည်.

Sir Ainno က သူ့လူတွေကို ရွေးချယ်တဲ့နေရာမှာ သူတို့ရဲ့ နောက်ခံနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မကြည့်ပဲနဲ့ သူတို့အရည်အချင်းကိုပဲ ကြည့်ပြီး ရွေးချယ်ခဲ့လို့လား? ပထမတပ်ဖွဲ့ကလူတွေက ထူးဆန်းပြီး ရိုင်းစိုင်းတဲ့ စစ်သည်တွေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားနေသည်. ဒီစစ်သည်အဖွဲ့ထဲမှာ Sir Mahogal လိုမျိုး အဆင့်မြင့်အထက်တန်းလွှာတွေပါဝင်သလို မတူညီတဲ့ နောက်ခံအသီးသီးကနေလာတဲ့ သာမန်လူတန်းစားတွေလဲ ပါဝင်သည်.

Emperor and the Knightness (Zawgyi) Book - 2Hikayelerin yaşadığı yer. Şimdi keşfedin