အခန်း ၃၄၉

38 5 0
                                    

Poliana က ဒီအခြေအနေကို လက်မခံနိုင်ဘူးဖြစ်နေသည်. ဧကရာဇ်မှာလဲ အခက်အခဲတွေရှိတာမှန်ပေမဲ့ သူတို့လက်ထပ်ဖို့အတွက် သူရင်ဆိုင်ရတဲ့အခက်အခဲတွေက သူမတွေ့ကြုံခံစားခဲ့ရတာတွေနဲ့ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်ပေ. Poliana နှုတ်ခမ်းဆူကာ သူ့ကို ပြောလိုက်သည်.

"အရှင်, အခုလိုဆက်ဆံရေးကြောင့် အရှင့်မှာ ဘာမှ ဆုံးရှုံးစရာမရှိဘူးလေ"

ဒီလက်ထပ်မှုအတွက် Poliana ကသာ ဆုံးရှုံးမှုတွေများတဲ့သူလို့ လူတိုင်းထင်ကြတာက အဓိပ္ပါယ်ရှိသည်. Poliana ကိုယ်တိုင်တောင်မှပဲ ဒီလိုပဲတွေးထင်ထားသည်.

အခုလို ပေါင်းစည်းမှုအတွက် Lucius က ဘာကိုမှ လက်လွှတ်စွန့်လွှတ်လိုက်စရာမလိုခဲ့ပေ. သူက သူလိုချင်သမျှအရာအားလုံးကို ပိုင်ဆိုင်တော့မှာဖြစ်ပေမဲ့ Poliana အတွက်ကတော့ သူမရယူပိုင်ဆိုင်ခဲ့ရတဲ့အရာတွေအားလုံးကို အချစ်အတွက် စွန့်လွှတ်ရမှာဖြစ်သည်.

အလုပ်အကိုင်နဲ့အချစ်... အချစ်နဲ့ အလုပ်အကိုင်... ရာထူးနဲ့ အချစ်... အချစ်နဲ့ ရာထူး.. စည်းစိမ်ဥစ္စာတွေနဲ့ အချစ်... အချစ်တွေနဲ့ စည်းစိမ်ဥစ္စာတွေ

ဧကရာဇ်က နှစ်မျိုးလုံးကို ရယူထားနိုင်ချိန်မှာ Poliana ကတော့ တစ်ခုခုကို စွန့်လွှတ်ရမှာဖြစ်သည်. သူမကို ဒေါသအထွက်ဆုံးဖြစ်စေတာက သူမရဲ့လက်လျော့အရှုံးပေးမှုက ပြဿနာအားလုံးကို ပြေလည်သွားစေပြီး ဒီတိုင်းပြည်က လူတိုင်းမျှော်လင့်ယုံကြည်နေကြတဲ့ စာအုပ်တွေထဲမှာပါတဲ့ ပျော်ရွှင်မှုဆိုတဲ့အရာကို လက်တွေ့အကောင်အထည်ပေါ်လွင်လာစေလို့ဖြစ်သည်. ကြည့်ရတာ သူမလက်လျော့အရှုံးပေးပြီး ဧကရာဇ်နဲ့ လက်ထပ်လိုက်တာက လူတိုင်းကို ပျော်ရွှင်သွားစေနိုင်သည်.

သူမကလွဲပြီးတော့ လူတိုင်း အားလုံး...

ဒါဆို တခြားလူတွေပျော်ရွှင်ဖို့အတွက် သူမရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို လက်လွှတ်ဆုံးရှုံးရမှာလဲ?

"အရှင်.. အရှင်က သတ္တိမရှိဘူး. အရှင်က တကိုယ်ကောင်းဆန်တယ်.. အရှင်က အရမ်းလောဘကြီးတာပဲ"

"အဲ့တာဆိုရင် မင်းငါ့ကို မုန်းလား?"

Poliana က သူမခေါင်းကို အသည်းအသန်ရမ်းလိုက်ကာ ပြန်ဖြေလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now