အခန်း ၃၅၀

34 3 0
                                    

Poliana နဲ့ ဧကရာဇ်တို့ရဲ့ပေါင်းစည်းမှုကို လူတိုင်းက ဝမ်းသာအားရကြိုဆိုကြသည်. လူတစ်ချို့က ဒီလိုပေါင်းစည်းမှုဟာ အချစ်စစ်အချစ်မှန်ဖြစ်တယ်လို့ ယုံကြည်နေကြတုန်းမှာ တစ်ချို့ကတော့ ဒီကိစ္စဟာ နိုင်ငံရေးလှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ ယုံကြည်နေကြသေးသည်. ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ဘယ်သူမှ မကန့်ကွက်တာက အဓိကဖြစ်သည်. ဧကရီ Poliana Clair ကို ကြိုဆိုလက်ခံဖို့ လူတိုင်းက အသင့်ဖြစ်နေကြသည်.

Poliana က အနည်းငယ် အနေရခက်ကာ အထီးကျန်နေသလို ခံစားနေရသည်. သူမကြိုးစားအားထုတ်ခဲ့တာတွေက နောက်ဆုံးတော့ အကျိုးရလဒ်တွေဖြစ်ထွန်းလာပြီလို့ လူတွေက ပြောနေကြသည်. သူမကြိုးစားခဲ့တာတွေအတွက် အသိအမှတ်ပြုခံရတော့မယ်လို့ သူတို့ကပြောနေကြသည်.

ဒါပေမဲ့.... ဒီအတွက် သူမက ကြိုးစားအားထုတ်ခဲ့တာမဟုတ်ပေ. ဒါက သူမလိုချင်တာမျိုး မဟုတ်ပေ.

'ဒါပေမဲ့. အခုမှတော့ ဒီအချက်က အရေးမကြီးတော့ဘူးထင်တယ်'

စစ်အတွင်းမှာ သူမကို နာမည်ဆိုးပေါင်းများစွာနဲ့ ခေါ်ဝေါ်ခဲ့ကြပေမဲ့ အခုတော့ သူမ မကောင်းကြောင်း ပြောတဲ့သူတစ်ယောက်မှ မရှိတော့ပေ. သူမတစ်ခုခုလုပ်ဆောင်ပြီးမြောက်ခဲ့တဲ့အခါတိုင်း သူမကို ရှုံ့ချကဲ့ရဲ့ခဲ့တာတွေက တစ်နည်းနည်းနဲ့ ရပ်တန့်သွားပုံရသည်. သူမနဲ့ အမှန်တကယ်ထိုက်တန်တဲ့ စစ်သည်တစ်ယောက်အဆင့်အတန်းနဲ့ Marquess ရာထူးကို ရခဲ့တုန်းက အထက်တန်းလွှာအများစုက ဒီကိစ္စကို ကန့်ကွက်ခဲ့ကြသည်. ဒါပေမဲ့ ဒီတူညီတဲ့လူတွေကပဲ သူမကို သူတို့ရဲ့ဧကရီအဖြစ် လက်ခံဖို့တော့ လုံးဝအဆင်ပြေနေပုံရသည်.

ထူးဆန်းစွာနဲ့ပဲ Poliana က သူတို့ရဲ့ ပြစ်တင်ရှုံ့ချမဲ့ စကားတွေကို ကြားချင်နေမိသည်. သူမကို ဝမ်းသာအားရကြိုဆိုနေကြတာကိုက ထူးဆန်းသလိုဖြစ်နေသည်.

သူမရဲ့မွေးစားမောင် Donau က သူမကို ပြောခဲ့ဖူးတာကို အမှတ်ရလိုက်သည်. သူမက ဒီလိုပြစ်တင်ရှုံ့ချတာတွေကို ကြားနေကျဖြစ်သွားရင် ဘယ်လိုနေမလဲ လို့ မေးခဲ့ဖူးသည်. ကြည့်ရတာ တစ်နေ့နေ့မှာ ဒီလိုမျိုးဖြစ်လာမယ်ဆိုတာကို Sir Donau က အရင်တည်းက ကြိုသိခဲ့ပုံရသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now