အခန်း ၃၃၅

35 5 0
                                    

Lucius က Poliana ကို ပြောလိုက်သည်.

"ငါပြောတာက နောက်ဆုံးတော့ မင်းက ငါလမ်းလျှောက်တဲ့အတိုင်း လျှောက်နေပြီလို့ ပြောတာ"

"ဘာကိုပြောချင်တာလဲ အရှင်?"

"မင်းက ငါ့ဆီကနေထွက်ပြေးနေသလိုမျိုးပုံစံနဲ့ လမ်းလျှောက်နေတာလေ.. အခုတော့ အဲ့လိုမဟုတ်တော့ဘူး"

ပန်းခြံထဲမှာ စပြီးလမ်းလျှောက်တည်းက Lucius ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း Poliana က ခြေလှမ်းနှစ်လှမ်း လှမ်းကာ လမ်းလျှောက်နေခဲ့တာဖြစ်သည်. ဒါပေမဲ့ အခုတော့ ဧကရာဇ်ပြောသလိုပဲ သူတို့ခြေလှမ်းတွေက ထပ်တူကျနေပြီဖြစ်သည်.

Lucius က ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း Poliana ကလဲ သူ့ခြေလှမ်းအတိုင်း လိုက်လျှောက်နေပြီဖြစ်သည်. ဧကရာဇ်က ပြုံးကာ မေးလိုက်သည်.

"ငါက မင်းကို လိုက်ဖမ်းနေတာမှမဟုတ်တာ မင်းကဘာလို့ ထွက်ပြေးနေရတာလဲ?"

Poliana က နှုတ်ခမ်းစူကာ ပြန်ဖြေလိုက်သည်.

"ကျွန်မ ထွက်မပြေးပါဘူး အရှင်"

သူမခြေလှမ်းတွေ အနည်းငယ်နှေးသွားတော့ Lucius က သူတို့ကြားက အကွာအဝေးကို ရုတ်တရက်နီးကပ်စေလိုက်ကာ သူမကို ပြောလိုက်သည်.

"ထွက်မပြေးပါနဲ့ကွာ.. မင်းက ငါမင်းကို ပိုပြီးလိုက်ဖမ်းချင်လာအောင် လုပ်နေတာပဲ"

ဧကရာဇ်က ဒီလိုစကားမျိုးပြောလိုက်ပေမဲ့ သူက သူမကို တကယ်ဖမ်းလိုက်ဖို့ စိတ်ကူးမရှိပေ. သူက သူတို့ကြားကအကွာအဝေးကို အနည်းငယ်လျော့ချလိုက်ရုံသာ လုပ်လိုက်တာဖြစ်သည်. ဒါပေမဲ့ သူ့ရဲ့ ရုတ်တရက်လှုပ်ရှားမှုကြောင့် သူမကို ထိတ်လန့်သွားစေခဲ့ကာ သူမကို လဲကျသွားစေခဲ့သည်. ကံကောင်းစွာနဲ့ပဲ စစ်သားတစ်ယောက်ဖြစ်တဲ့ Poliana က သူမရဲ့ခန္ဓာကိုယ်ဟန်ချက်ကို အလျင်အမြန်ထိန်းလိုက်နိုင်သည်. သူမက သူမရဲ့ကိုယ်နေဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်ပေမဲ့ ဧကရာဇ်က အော်လိုက်ချိန်မှာတော့ ဟန်ချက်ပြန်ပျက်သွားခဲ့သည်.

"Sir Pol! ဒါက အန္တရာယ်များတယ်!"

Poliana က နောက်ပြန်လဲကျသွားသည်. လူအများစုက အရှေ့ကိုလဲကျကာ သူတို့နှာခေါင်းတွေကို ထိခိုက်တတ်ကြပြီး အများစုကတော့ ဒီလိုဖြစ်တာက ကံဆိုးမှုတစ်ခုလို့ ယူဆကြမှာဖြစ်ပေမဲ့ Poliana က နောက်ပြန်လဲကျတာထက် အရှေ့ဘက်ကို လဲကျတာမျိုး ပိုဖြစ်စေချင်သည်. ဘာလို့လဲဆိုတော့ သူမလဲကျသွားတော့ Lucius က သူမကို အနောက်ကနေ ဆွဲဖမ်းလိုက်လို့ဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Hikayelerin yaşadığı yer. Şimdi keşfedin