အခန်း ၃၁၉

52 9 0
                                    

Poliana က ဘာကိုမှ သေချာမတွေးတောနိုင်တော့ပေ. Lucius က သူ့အလှတရားကို အသုံးချကာ သူ့ရန်သူတွေကို အနှောင့်အယှက်ပေးနိုင်တာ အသိသာကြီးဖြစ်သည်.

အမှန်တော့ ဧကရာဇ်က Yapa ကို ရောက်တဲ့နေ့တည်းက ဒီနေ့အတွက်ကို ပြင်ဆင်နေခဲ့တာဖြစ်သည်. သူက သူ့အခန်းကို အစအဆုံးပြန်လည်ပြင်ဆင်ခဲ့သည်. ကော်ဇောတွေ, နံရံကပ်စက္ကူတွေနဲ့ ပရိဘောဂတွေကိုပါ အသစ်လဲထားတာကြောင့် ဒီအသုံးအဆောင်တွေရဲ့ အရောင်ကလဲ သူ့ရဲ့အသွင်အပြင်ကို ပိုပြီး တောက်ပလာစေသည်.

Poliana က ဆက်ပြောလိုက်သည်.

"အရှင်ဆင်မြန်းထားတဲ့ ဒီအဖိုးမဖြတ်နိုင်တဲ့ရတနာတွေထက်တောင် ဘယ်လိုလုပ် ပိုပြီး လှပနေနိုင်တာလဲ, အရှင်? အရှင်ဝတ်ထားတဲ့ ဝတ်ရုံအနီရောင်ကလဲ ဒီနေ့မှာမှ ပိုပြီးတော့ ကြည့်ကောင်းနေသလိုပဲ. ဒါက တော်တော်လေးဈေးကြီးမယ်ထင်တယ် ဒါပေမဲ့ အရှင်သာ ခွင့်ပြုမယ်ဆိုရင် ကျွန်မရဲ့ စည်းစိမ်တွေအားလုံးသုံးပြီးတော့ အရှင့်အတွက် အများကြီး ဝယ်ပေးချင်ပါတယ်...!"

ဧကရာဇ်ရဲ့ သီးသန့်ကိုယ်ရံတော်အဖြစ် သူမ အလုပ်လုပ်ခဲ့တုန်းက သင်ကြားခဲ့တာတွေကို သူမ အသုံးချနိုင်ခဲ့သည်. ဧကရာဇ်ကို ဘယ်လိုစကားလုံးတွေသုံးပြီးတော့ ချီးမွှမ်းရမလဲဆိုတာကို Sir Mahogal က သူမကို သင်ကြားပေးခဲ့တာဖြစ်ပြီး Poliana ကတော့ အံ့ဩတကြီးရေရွတ်နေမိတာကို မရပ်တန့်နိုင်တော့ပေ. ကော်ဇောအခင်းတွေကတောင် ဧကရာဇ်ကို ပိုပြီးကြည့်ကောင်းအောင် အထောက်အပံ့ပေးနေသလို ဖြစ်နေတယ်လို့ သူမ တွေးလိုက်မိပြီး ရုတ်တရက် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူမ သတိပြုမိသွားသည်.

ဒါက ဧကရာဇ်ရဲ့ တိုက်ကွက်တစ်ခုဖြစ်သည်!

'ဒါ့ကြောင့် သူက ငါ့ကို အပြင်မှာ စောင့်ခိုင်းခဲ့တာကိုး!'

ဒီအချက်ကို သတိပြုမိတာက အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်. Poliana ရဲ့ စိတ်တွေ ပြန်လည်စုစည်းလာနိုင်ချိန်မှာတော့ Lucius က သူမလက်တွေကို ဆုပ်ကိုင်ထားပြီးသား ဖြစ်နေသည်. သူ့ကို အနီးကပ်တွေ့လိုက်ရတော့ Poliana က ရှက်သွေးဖြာလာသည်. ဧကရာဇ်ရဲ့ ကိုယ်သင်းရနံ့တောင်မှပဲ ပိုပြီးတော့ ဆွဲမက်စရာဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now