အခန်း ၂၄၈

54 4 6
                                    

Lucius က သူ့ခေါင်းကို ရမ်းလိုက်သည်.

"မဟုတ်ဘူး. အဲ့တာကြောင့် ငါ သူမကို လက်ထပ်ခွင့်မတောင်းတာ မဟုတ်ဘူး. အင်း.. အစကတော့ အဲ့တာက အဓိကအကြောင်းပြချက်ပေါ့. ဒါပေမဲ့ အခုတော့ အဲ့လိုမဟုတ်တော့ဘူး. Stra, Marquis Winter ကို လက်ထပ်လိုက်တာနဲ့ သူမက သူမရရှိပိုင်ဆိုင်ထားတာတွေ အကုန်လုံးကို ဆုံးရှုံးလိုက်ရလိမ့်မယ်"

သူမဂုဏ်ယူမက်မောတဲ့ စစ်သည်ဘဝ, ချမ်းသာကြွယ်ဝမှုတွေ, ရာထူးအဆင့်အတန်းနဲ့ နောက်ဆုံး သူမရဲ့ မျိုးရိုးနာမည် "Winter.."

သူချစ်တဲ့မိန်းကလေး မပျော်မရွှင်ဖြစ်သွားမှာကို Lucius မလိုချင်ပေ. ဒါ့ကြောင့်ပဲ သူက သူမကို လက်လျော့ခဲ့တာဖြစ်သည်. ဧကရာဇ်က ဆက်ပြောလိုက်သည်.

"ငါ Marquess ပျော်တာကိုပဲ လိုချင်တာ. အဲ့တာကြောင့် ငါ သူမကို လက်လျော့ခဲ့တာ. သူမ တခြားအမျိုးသားတစ်ယောက်နဲ့ လက်ထပ်သွားရင်လဲ ငါ သူမအတွက် အကောင်းဆုံး ဆုတောင်းပေးမှာ. သူမအလုပ်ပြီးမြှောက်ဖို့ သူမကိုယ်သူမ စွန့်စားတာကိုလဲ ငါလက်ခံပေးမယ်.."

ဧကရာဇ်ရဲ့မျက်လုံးတွေက နက်မှောင်လာတာကြောင့် Stra ကလဲ ဝမ်းနည်းသွားသည်. အခု Lucius ရဲ့ အကြောင်းပြချက်ကို ကြားလိုက်ရ‌တော့ သူမ နားလည်လို့ရသွားသည်. သူပြောတာမှန်ကန်သည်. သူတို့သိထားတဲ့ Poliana က ဧကရာဇ်လက်ထပ်ခွင့်တောင်းတာကို ကြားလိုက်ရလို့ ပျော်သွားမဲ့သူမျိုး မဟုတ်ပေ. Poliana က Lucius အမြင်အာရုံ ဆုံးရှုံးသွားပြီထင်ကာ တော်ဝင်သမားတော်ကို ချက်ချင်းခေါ်လိုက်မှာဖြစ်သည်.

ဧကရာဇ်က Poliana ကို အမှန်တကယ်ချစ်မြတ်နိုးနေတယ်ဆိုတာကို Stra က သတိပြုမိလိုက်ကာ သူမက အထင်ကြီးသွားသလို မနာလိုလဲဖြစ်မိသွားသည်.

အဲ့အချိန်မှာပဲ Poliana သူမကိုယ်သူမ အန္တာရယ်ဖြစ်အောင်လုပ်ခဲ့တဲ့အချိန်တွေကို Lucius သတိရသွားသည်. သူမက Stra ကို ဒရယ်ကန်တာကနေ ကာကွယ်ဖို့အတွက်နဲ့ Marquis Seeze က Tory ကို ပစ်လိုက်တဲ့ ဓါးကို ကာဖို့အတွက် သူမခန္ဓာကိုယ်ကို ဒိုင်းသဖွယ်အသုံးပြုခဲ့သည်.

သူချစ်တဲ့အမျိုးသမီးက... သူမက စစ်သည်တစ်ယောက်ဖြစ်သည်. ဒါကြောင့် သူမက သူမကာကွယ်ပေးရမဲ့အမျိုးသမီးတွေကို သူမအသက်ရင်းပြီး ကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် Poliana က ချီးကျူးခံသင့်သည်. ဒါပေမဲ့ ဒရယ်ကန်တာခံလိုက်ရတဲ့ မတော်တဆမှုပြီးတည်းက Lucius က ပြတ်ပြတ်သားသားအမိန့်ပေးခဲ့သည်. သူမအသက်ကို နောက်ထပ် ဘယ်တော့မှ ထပ်မရင်းဖို့ သူမကို ပြောခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now