အခန်း ၃၂၉

69 8 0
                                    

Lucius က Poliana ကို ရှာဖို့ ထွက်သွားလိုက်သည်. အခုအချိန်မှာ Poliana Winter က နာမည်အကြီးဆုံးဖြစ်နေတာကြောင့် သူမကို ရှာတွေ့ဖို့က မခဲယဉ်းပေ. Poliana ကို မြင်တဲ့သူတိုင်းက သူမကို မှတ်မိနေကာ သူမအကြောင်းကို ပြောနေကြသည်. Lucius က သူမရဲ့ခြေလှမ်းတွေကို အလွယ်တကူလိုက်လို့ရနေသည်. သူမကို နောက်ဆုံးဘယ်မှာတွေ့ခဲ့တာလဲဆိုတာကို မေးလိုက်တော့ သူတို့က ပြန်ဖြေပြီးနောက် အတင်းဆက်တုပ်နေကြသည်.

အဲ့အချိန်မှာတော့ Poliana က သူမရဲ့တပ်သားတွေနဲ့အတူ ရှိနေသည်. သူတို့က သူမကို မေးနေကြသည်.

"ခေါင်းဆောင်, ခေါင်းဆောင်ရဲ့ အောင်မြင်ခြင်းလျှို့ဝှက်ချက်ကဘာလဲ?"

"ခေါင်းဆောင်. ကျွန်တော်တို့ကို ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို အကုန်ပြောပြ!"

"အလုပ်ကနေ နှုတ်ဆက်ပွဲဘယ်တော့လုပ်မှာလဲ?"

Poliana က သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သူမရဲ့ တပ်ဖွဲ့ကို လစ်လျှူရှုခဲ့သလိုဖြစ်ခဲ့တာကြောင့် သူမက အပြစ်ရှိသလိုခံစားနေခဲ့ရသည်. ဒုတိယတပ်ဖွဲ့ရဲ့ နားနေခန်းကို သွားလည်လိုက်တော့ သူမရဲ့တပ်သားတွေက သူမနားမှာ စုအုံလာကြသည်.


သူတို့က သူမကို နွေးထွေးစွာနဲ့ ကြိုဆိုပြီး တံခါးကို အမြန်ပိတ်လိုက်သည်. သူတို့ခေါင်းဆောင်ကို မေးဖို့ မေးခွန်းတွေ အများကြီးရှိနေပြီး Poliana က အပြစ်ရှိတယ်လို့ ခံစားနေရတာကြောင့် သူတို့စိတ်ကျေနပ်တဲ့အထိ သူမကို အခန်းထဲမှာ ပိတ်လှောင်ခွင့်ပြုလိုက်သည်.

ကဲ အမေးအဖြေတွေ စလိုက်ကြရအောင်!

သူမရဲ့တပ်သားတွေက ကောလဟာလတွေကို လုံးဝယုံကြည်နေတာကြောင့် Poliana ကအံ့ဩသွားခဲ့သည်. ဒုတိယတပ်ဖွဲ့က ကိုယ်ရံတော်တွေက Lucius က သူတို့ခေါင်းဆောင်ကို ချစ်မိသွားတာနဲ့ ပတ်သက်ပြီးတော့ သဘောကျနေကြသည်. သူတို့က အကြောင်းအရာအသေးစိတ်ကို မေးလာတော့ Poliana က အံ့အားသင့်သွားကာ ပြန်ဖြေလိုက်သည်.

"အရှင်က ငါ့ကို စွဲလန်းနေတယ်ဆိုတဲ့ ကောလဟာလတွေကို မင်းတို့က ယုံနေတယ်လား? မင်းတို့က Acreia ရဲ့တော်ဝင်ကိုယ်ရံတော်တွေလေ. မင်းတို့က ဒီလိုအခြေအမြစ်မရှိတဲ့ ကောလဟာလတွေကို နားယောင်ရလား?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now