အခန်း ၂၂၃

37 3 0
                                    

စစ်သည်တွေအားလုံးက Sir Mahogal ကို လှောင်ပြောင်လိုက်ကြတော့ သူက ပခုံးတွန့်ပြလိုက်သည်. သူ့မှတ်ချက်က စိတ်ပျက်စရာကောင်းတာမှန်ပေမဲ့ Sir Mahogal က တကယ်ပဲ ကြည့်ကောင်းတဲ့ အမျိုးသားဖြစ်နေသည်. တကယ်လို့ Poliana သာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပျက်နေတာကို တွေ့လိုက်ရရင် သူမ စိတ်ရှုပ်သွားမှာ သေချာသည်. သူတို့တွေက သူမရဲ့ သူငယ်ချင်းတွေ, လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြမှန်ပေမဲ့ သူတို့က သူမရဲ့ဆွေမျိုးသားချင်းတွေတော့ မဟုတ်ပေ. သူတို့မှာ သူမရဲ့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးတော့ သဘောတူခွင့် မတူခွင့်တွေ မရှိတာတောင်မှပဲ ဒီလူတွေက ဒီကိစ္စဟာ သူတို့ရဲ့ ညီမတွေ ဒါမှမဟုတ် သမီးတွေရဲ့ ကိစ္စလိုမျိုး အလေးအနက်နဲ့ ဆွေးနွေးနေကြသည်. သူတို့က သူမရဲ့အနာဂါတ်အကြောင်းကို သူတို့ရဲ့ ကိုယ်ပိုင်အရေးကိစ္စလိုမျိုး ပြောဆိုနေကြသည်.

Poliana က ရုပ်ဆိုးတယ်, အသက်ကြီးတယ်, ပြီးတော့ မြုံနေတယ်. သူမမှာ ဘယ်သူမှမလိုချင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာစေဖို့ အချက် ၃ ချက်တောင် ရှိနေပေမဲ့ သူမက မယုံကြည်နိုင်လောက်အောင် ချမ်းသာကြွယ်ဝပြီးတော့ အာဏာကြီးမားသူဖြစ်သည်. ချမ်းသာကြွယ်ဝမှုနဲ့ အာဏာရှိမှုတို့က သူမရဲ့ ဆိုးရွားတဲ့အချက်တွေကို အဆင်ပြေသွားစေနိုင်သည်. ဒီစစ်သည်တွေအတွက်တော့ Poliana က သူတို့ကာကွယ်ပေးချင်တဲ့သူ တစ်ယောက် ဖြစ်သည်. သူတို့က သူမကို ချစ်ခင်နှစ်သက်ကြပြီး သူမအတွက် အကောင်းဆုံးတွေသာ ဖြစ်စေချင်ကြသည်.

ဒါကြောင့် ဒီလူတွေက Poliana အနေနဲ့ Frau Sneke ကို လက်ထပ်သင့်/မသင့် ဆက်ပြီး ငြင်းခုန်နေကြသည်.

"ဟုတ်တယ်! ဟုတ်တယ်! မဟုတ်သေးဘူး! ဟုတ်တယ်! မဟုတ်သေးဘူး!မဟုတ်သေးဘူး!မဟုတ်သေးဘူး!ဟုတ်တယ်!"

အဓိပ္ပါယ်မရှိတဲ့ ဆွေးနွေးပွဲက ဆက်လက်ဖြစ်ပေါ်နေပြီးတော့ သူတို့တွေက ဆုံးဖြတ်ချက်တစ်ခုမှ ချနိုင်ဟန်မတူချေ. သူတို့တွေက နှစ်ခြမ်းကွဲသွားကာ အသည်းအသန် ဆက်လက်ငြင်းခုန်နေကြသည်.

"ဒီလို မလိုက်ဖက်တဲ့လက်ထပ်ပွဲကို ဘာလို့ ခွင့်ပြုပေးနိုင်ရတာလဲ?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now