အခန်း ၃၃၄

39 5 0
                                    

မနေ့တုန်းက ဧကရာဇ်က အိပ်ယာစောစောဝင်ခဲ့သည်. ဒီနေ့မနက်အိပ်ယာထထချင်းမှာတော့ သူက အလုပ်လုပ်ဖို့ မသွားတော့ပေ. အလုပ်လုပ်မဲ့အစား သူက သူ့အသားအရေနဲ့ ဆံပင်ကို အချိန်ယူကာ ပြင်ဆင်ခြယ်သနေသည်. Lucius က သူ့ကိုယ်သူ ပြင်ဆင်ခြယ်သနေချိန်မှာ သူ့ညီဝမ်းကွဲ Duke Luzo နဲ့ Marquis Zeese တို့ကတော့ တိုင်းပြည်ရေးရာတွေနဲ့ အလုပ်များနေကြသည်.

အလုပ်များလွန်းတာကြောင့် ထိပ်ပြောင်လုနီးပါးဖြစ်နေတဲ့ Duke Luzo...

ကိုယ့်ဇနီးကို မယုံကြည်ခဲ့တာကြောင့် သူ့ကိုယ်ပိုင်အိမ်မှာနေတာထက် ရဲတိုက်မှာ နေရတာ ပိုပြီးသက်တောင့်သက်သာဖြစ်နေတဲ့ Marquis Zeese....

ဒီအမျိုးသားနှစ်ယောက်က သူတို့စားပွဲပေါ်မှာ ပုံထပ်နေတဲ့ စာရွက်စာတမ်းတွေကို ကြည့်ကာ ပခုံးတွန့်လိုက်ကြသည်.

"အရှင်က ဒီနေ့လဲ နားရက်ယူပြန်ပြီလား?"

"အင်း.. ကျွန်တော့်ကို အဲ့လိုပြောတာပဲ"

"အတိုင်ပင်ခံ... ငါ့ကို ချစ်စရာကောင်းတဲ့ ဝက်ပေါက်လေးနဲ့တူတဲ့ သားတစ်ယောက်နဲ့ လှပတဲ့ရှဉ့်ကလေးနဲ့တူတဲ့ မိန်းမက အိမ်မှာ စောင့်နေတာ"

"ကျွန်တော့်အိမ်မှာလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမျိုးသမီးနဲ့ ချိုးငှက်လေးလို ချစ်စရာကောင်းတဲ့ သားလေးတို့က ကျွန်တော့်ကို စောင့်နေကြတာပါ သခင်"

Marquis Zeese ရဲ့ ဇနီးက သူမခင်ပွန်းရဲ့ကျေးဇူးနဲ့ လတ်တလောဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပရိပက္ခကြောင့် အပြစ်ပေးခံရမဲ့အခြေအနေကနေ ကင်းလွှတ်ခွင့်ရခဲ့သည်. ဒါပေမဲ့ သူမခင်ပွန်းက ဧကရာဇ်ဘက်မှာ လျှို့ဝှက်ရပ်တည်နေခဲ့တာကို သိခဲ့တာကြောင့် သူမက ထိတ်လန့်သွားခဲ့သည်. သူမခင်ပွန်းက သူ့အစီအစဉ်အကြောင်းတွေ သူမကို ဘယ်တုန်းကမှ မပြောပြခဲ့ဖူးတာကို သူမ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပြီး အဲ့အချိန်တည်းက သူတို့တွေက သူစိမ်းတွေလိုနေခဲ့ကြသည်.

နိုင်ငံရေးတွက်ချက်မှုတွေကြောင့် လက်ထပ်ခဲ့ကြတာဖြစ်ပေမဲ့လဲ Marquis Zeese နဲ့ သူ့ဇနီးတို့က အလွန်ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်. သူတို့က တစ်ယောက်နဲ့တစ်ယောက်ချစ်မိနေတာ မဟုတ်ကြပေမဲ့ တစ်ယောက်အပေါ်တစ်ယောက် ဂရုတစိုက်ရှိကာ ကြင်ကြင်နာနာဆက်ဆံခဲ့ကြသည်. ဒါပေမဲ့ အကြီးအကဲတွေနဲ့ တခြားအထက်တန်းလွှာတွေက သူတို့ရဲ့သစ္စာဖောက်မှုကြောင့် အပြစ်ပေးခံလိုက်ရတည်းက ဇနီးခင်ပွန်းဆက်ဆံရေးက ပြောင်းလဲသွားခဲ့သည်. သူတို့က လိုအပ်တဲ့အချိန်မှာသာ စကားပြောကြပြီး ဒီလိုနဲ့ပဲ Poliana အားကျခဲ့ရတဲ့ စုံတွဲက ပျောက်ကွယ်သွားသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now