အခန်း ၂၂၇

41 5 0
                                    

Acreia ရဲ့ ရေခဲဝိုင်က နာမည်ကြီးထုတ်ကုန်ဖြစ်သည်. Lady Straလို အရက်သောက်ရတာ သိပ်သဘောမကျတဲ့သူတောင် ဒီဝိုင်အကြောင်းကို သိနေသည်. ဒီဝိုင်က Acreia ရဲ့ ဒေသတစ်ခုတည်းကသာ ထွက်ရှိတာဖြစ်ပြီး Aehas နဲ့ Kukda ကြားမှာ စစ်ဖြစ်နေတာကြောင့် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသကလူတွေက ဒီဝိုင်ကို မသောက်သုံးနိုင်ကြပေ. တိုင်းပြည်ရဲ့ ဘုရင်ဖြစ်တဲ့ Lady Stra ရဲ့ ဖခင်တောင်မှပဲ ဝိုင်တစ်ပုလင်းကိုသာ ပိုင်ဆိုင်ခဲ့ပြီးတော့ သူက ဒီဝိုင်ပုလင်းကို သူ့ရဲ့ရတနာတစ်ခုလို သိမ်းဆည်းထားခဲ့သည်.

Lady Stra က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်.

"ရှင် ဒီဟာကို ဘယ်ကရလဲ?"

"ဒီရေခဲစပျစ်သီးက Marquis Seeze ရဲ့ နယ်မြေမှာ စိုက်တာလေ... Marquis Seeze က ကျွန်မရဲ့ အဘေးလေ. အဲ့တာ ကျွန်မ Nanaba ကို သွားလည်တုန်းက ကျွန်မကို လက်ဆောင်ပေးလိုက်တာ"

"အို. အဲ့တာဆို ရှင် ဒါကို ကျွန်မကို ပေးလို့ဘယ်ဖြစ်မလဲ. ဒါက ရှင့်အဘေးဆီက တန်ဖိုးကြီးလက်ဆောင်လေ. ကျွန်မ လက်မခံနိုင်ဘူး"

"အို မဟုတ်တာပဲ!"

Lady Tory က ဝိုင်ပုလင်းကို သူမအကူကို ပြန်ပေးလိုက်ဟန်လုပ်ကာ စနောက်သလိုနဲ့ ပြုံးလိုက်သည်. အကူက ဒီတန်ဖိုးကြီးအရာက လွှတ်ကျသွားမှာစိုးတာကြောင့် သူမလက်တွေက တုန်ယင်နေသည်. Lady Tory က Stra ကို ပြောလိုက်သည်.

"ကျွန်မက ဒီဝိုင်ကို အလကားပေးတာမှမဟုတ်တာ. ရှင့်အနေနဲ့ ဧကရာဇ်ရဲ့မွေးနေ့ပွဲကို အောင်မြင်အောင် လုပ်နိုင်မှသာ ကျွန်မက ရှင့်ကို ပေးမှာလေ"

"အို.. ကျွန်မ Duchess Luzo ကနေ ကြားဖူးတယ်. Acreian အထက်တန်းလွှာတွေနဲ့ အကြီးအကဲတွေက အရမ်းဂျီးများတယ်တဲ့ သူတို့က ကျွန်မဘာပဲလုပ်လုပ် အပြစ်တင်လာမှာ"

Stra ကိုကြည့်ရတာ စိတ်ပျက်သွားပုံရတာကြောင့် Tory က သူမကို အားပေးလိုက်သည်.

"ဒါဆိုလဲ ရှင်က ဘယ်သူမှ အပြစ်မတင်နိုင်အောင် ကြိုးစားပြီးလုပ်ပေါ့. ကျွန်မ ရှင့်ကို ကူညီမှာပါ"

"ဟ-ဟုတ်ကဲ့? ရှင်က ဒီလိုတန်ဖိုးကြီးလက်ဆောင်ကို ပေးမယ်ပြောမှတော့ ကျွန်မအကောင်းဆုံးလုပ်ရမှာပေါ့"

Emperor and the Knightness (Zawgyi) Book - 2Tempat cerita menjadi hidup. Temukan sekarang