အခန်း ၃၂၈

42 7 0
                                    

Lucius က မနာလိုအားကျမှုအပြည့်နဲ့ Sir Ainno ကို ကြည့်နေသည်. သွေးစိုနေတဲ့နှုတ်ခမ်းက သူ့အလှတရားအတွက် အထောက်အပံ့မဖြစ်စေနိုင်ဘူးဆိုတာကို သတိမပြုမိခင်အထိ ဧကရာဇ်က သူ့အောက်နှုတ်ခမ်းကို ကိုက်ထားနေခဲ့ပြီး နောက်တော့ သူက နှုတ်ခမ်းကိုက်နေတာကို ချက်ချင်းရပ်လိုက်သည်.

အဲ့အချိန်မှာပဲ သူမခင်ပွန်းက သူမကို ဆက်ပြီးနမ်းနေတာကြောင့် Cekel က သူမခင်ပွန်းရဲ့လက်ကို ရိုက်ချလိုက်သည်. အဲ့နောက်မှာတော့ သူမက ဧကရာဇ်နားကိုသွားကာ သတင်းပို့လိုက်သည်. လက်ရှိမှာတော့ Cekel က အလုပ်တာဝန်နှစ်ခုကို ထမ်းဆောင်နေသည်. လက်ထောက်အထိန်းတော်ချုပ်ရာထူးအပြင် Cekel က သတင်းအချက်အလက်အဖွဲ့ရဲ့ တရားမဝင်သတင်းပေးသူ ဖြစ်နေသည်. Cekel က အလုပ်လုပ်တဲ့အခါမှာ တစ်ခါတစ်လေ စိတ်မပါတတ်တဲ့ သူမရဲ့မောင်ဖြစ်တဲ့ Sir Deke ထက်ပိုပြီး အလုပ်ကောင်းကောင်းလုပ်နိုင်တယ်လို့ Lucius က ဆုံးဖြတ်ခဲ့သည်. ဧကရာဇ်က Stra နဲ့ Tory တို့ကိုလဲ အလုပ်နေရာအသီးသီးနဲ့ ခန့်အပ်ထားခဲ့ပြီးဖြစ်တာကြောင့် Cekel ကို လျှို့ဝှက်ခန့်အပ်တာက ပိုပြီးသင့်တော်မယ်လို့ ထင်ခဲ့သည်.

အခုအချိန်ထိတော့ Lucius က Cekel အလုပ်လုပ်တာကို သဘောကျနေသေးသည်. သူမက တရားနည်းလမ်းကျကျ ဆုံးဖြတ်တတ်သူဖြစ်ပြီး အခြေအမြစ်မရှိတဲ့စကားတွေကို အယုံအကြည်မရှိသူဖြစ်သည်. သူမက Master Chail နဲ့ သတင်းအချက်အလက်အဖွဲ့က တခြားအဖွဲ့ဝင်တွေလိုမျိုး အတင်းအဖျင်းပြောကာ အချိန်ဖြုန်းတတ်တဲ့သူမျိုးလဲ မဟုတ်ပေ. အခုထိတော့ Sir Dekel က သတင်းအချက်အလက်တွေကို အဓိကစုဆောင်းသူဖြစ်ပြီး Cekel က ဧကရာဇ်ထံ တဆင့်သတင်းပို့ရသူဖြစ်သည်. Cekel က အရမ်းတော်တဲ့သတင်းပို့သူဖြစ်ပြီး ဧကရာဇ်ရဲ့ အချိန်တွေကို ဘယ်တော့မှ အလဟဿမဖြစ်စေခဲ့ပေ.

Cekel က သူ့ကို ပြောလိုက်သည်.

"အရှင် Marqess Winter က Lady Rebecca ရဲ့ အုတ်ဂူဆီသွားနေပါတယ်"

"ဟမ်... ငါ သိပြီ"

ခါးသက်တဲ့အပြုံးတစ်ခုက ဧကရာဇ်မျက်နှာပေါ်မှာ ပေါ်လာသည်. မြို့တော်ဟောင်း Nanaba မှာရှိတဲ့ တော်ဝင်သင်္ချိုင်းမှာတော့ သူ့ဘိုးဘေးတွေရဲ့ အုတ်ဂူတွေအများကြီးရှိသည်. ဒါပေမဲ့ Yapa မှာတော့ တစ်ခုတည်းသာရှိနေသည်. အဲ့အုတ်ဂူက သူ့ရဲ့ငယ်ရွယ်တဲ့ဇနီးဖြစ်နေတာကြောင့် သူ့ကို အကြီးအကျယ်စိတ်ထိခိုက်စေခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now