အခန်း ၂၇၄

43 5 0
                                    

သူ့ဆီမှာ အမွေဆက်ခံသူ မရှိရင်လဲ Lucius ဂရုမစိုက်ပေ. သူမက ကလေးမမွေးနိုင်တာကြောင့် သူ့ရဲ့အချစ်ကို စွန့်ပစ်ရမှာက သူ့အတွက် ရက်စက်လွန်းသည်. အခုထိ သူက စိတ်ရှည်ခဲ့ပေမဲ့ သူ့ရဲ့စိတ်ရှည်မှုက ကြီးမားတဲ့ဘေးအန္တာရယ် ဖြစ်သွားစေခဲ့သည်. စိတ်ပျက်စရာကောင်းတဲ့ သိုက်တူးသမားက Poliana ကို ရယူဖို့ ကြိုးစားခဲ့သည်. တကယ်လို့ ဧကရာဇ်က ဆက်ပြီးတော့ ရူးမိုက်နေပြီး "သူမ ပျော်ရွှင်မှုအတွက် အဝေးကနေ ဆုတောင်းပေးနေမယ်" ဆိုရင် အနာဂါတ်မှာ Poliana က အခက်အခဲတွေ ပိုတွေ့လာနိုင်သည်.
ဧကရာဇ်က Duke Luzo ကို ပြောလိုက်သည်.

"Pol က အခု အရမ်းဝမ်းနည်းနေတာဆိုတော့ သူမကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ကောင်း မဟုတ်သေးဘူး. တော်ဝင်နာရေးကာလပြီးသွားတဲ့အထိ စောင့်ဖို့ ငါ စီစဉ်ထားတယ်"

"ဒါက အကြံကောင်းလို့ ကျွန်တော်ထင်တယ် အရှင်. သူမခံစားချက်တွေ ပိုကောင်းလာမှ လက်ထပ်ခွင့်တောင်းသင့်တယ်. အရှင် ဒီလိုလုပ်ချင်တာသေချာရင်တော့ အရှင်လုပ်ကိုလုပ်ရမယ်. ပြီးတော့ အမွေဆက်ခံသူအတွက်တော့ နောက်ထပ် ဇနီးနှစ်ယောက်လောက် ထပ်ယူလိုက်ပေါ့"

"အော်.. အဲ့တာနဲ့ ပတ်သက်လို့... ငါ့ဇနီးက Pol တစ်ယောက်ပဲ. Pol တစ်ယောက်တည်းကိုပဲ လက်ထပ်မှာ. ငါ တခြားဘယ်သူ့ကိုမှ လက်မထပ်တော့ဘူး"

ဧကရာဇ်က ဘာတွေပြောနေတာလဲ? Duke Luzo က ထိတ်လန့်အံ့ဩသွားပြီး Lucius ကတော့ သူအံ့ဩသွားတာကို နားလည်သည်. သူ့အစီအစဉ်ဖြစ်မြောက်ဖို့အတွက် သူ့ညီဝမ်းကွဲကို လိုအပ်နေသည်. အတိအကျပြောရရင်တော့ Lucius က Duke Luzo ရဲ့ သားကို လိုအပ်တာ ဖြစ်သည်...

ဧကရာဇ်က ရှင်းပြလိုက်သည်.

"Pol က မြုံနေတာဆိုတော့ သူမဆီကနေ အမွေဆက်ခံသူရလာမှာမဟုတ်ဘူး. ဒါကြောင့်.."

"အရှင်.. အဲ့တာဆို အရှင့်ရဲ့ထီးနန်းကိုဆက်ခံဖို့က ဘယ်လိုလုပ်မှာလဲ.... ကျွန်..ကျွန်တော့်ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ အရှင်?"

Duke Luzo က တုန်လှုပ်သွားကာ နောက်တစ်လှမ်းဆုတ်သွားပေမဲ့ ဧကရာဇ်ကတော့ သူ့ကို မျှော်လင့်တကြီးနဲ့ ဆက်ကြည့်နေသည်. Duke Luzo က သိချင်သွားသည်.

Emperor and the Knightness (Zawgyi) Book - 2Nơi câu chuyện tồn tại. Hãy khám phá bây giờ