အခန်း ၃၀၀

54 5 0
                                    

Poliana အတွက် အလုပ်လုပ်ပေးနေကြတဲ့ သီးသန့်စံအိမ်က ဝန်ထမ်းတွေက သူတို့က ပြစ်မှုကျူးလွန်မိနေလားဆိုကာ သူတို့ရဲ့ စိတ်ပူပင်မှုကို မဖုံးကွယ်နိုင်ကြတော့ပေ. သူတို့က ဧကရာဇ်နဲ့ အထူးစစ်သည်တပ်ဖွဲ့တို့ စိတ်အနှောင့်အယှက်မဖြစ်အောင်လို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသည်.

သူတို့ကြောက်ရွံ့နေရတဲ့အကြောင်းအရင်းကလဲ ခိုင်လုံသည်. လူတိုင်းက သူတို့သခင်မရဲ့ ကလေးကို ချစ်ခင်နှစ်သက်နေကြသည်. သူတို့ရဲ့ သခင်လေးက ချောမောလှပတဲ့ကလေးဖြစ်ပြီး ကလေးအဖေက ဘယ်သူဖြစ်မလဲဆိုတာကို သူတို့က သိချင်နေကြပြီး.. အခုတော့.. သူတို့ သိလိုက်ရသည်.

သခင်မရဲ့သားဟာ အရှင်ဧကရာဇ်နဲ့ တူနေတာကို သံသယဝင်စရာမလိုပေ. ဒါက လုံးဝသဘာဝကျကျ တူနေခဲ့တာဖြစ်သည်.

လွန်ခဲ့တဲ့လအနည်းတုန်းက သူတို့ရဲ့သခင်မက အမူးလွန်ကာ ယောက်ျားတစ်ယောက်အပေါ် အမြတ်ထုတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အဲ့တာက ဟာသတစ်ခုလို့သာ လူတွေက ထင်ခဲ့ကြသည်. ဒါပေမဲ့ အခု သူတို့က ဧကရာဇ်ရဲ့မျက်နှာကို တွေ့လိုက်ရတော့, Poliana ရဲ့ပုံပြင်က အမှန်တကယ်ဖြစ်တယ်ဆိုတာကို သိလိုက်ကြသည်.

သူတို့သခင်မက Sitrin ကို ထွက်ပြေးလာတဲ့အချိန်တုန်းက သူမ ဘာတွေတွေးနေခဲ့လဲဆိုတာကို မှန်းဆဖို့ မဖြစ်နိုင်ပေ. Poliana ကိုယ်တိုင်တောင် အဲ့တုန်းက သူမဘာတွေစဉ်းစားခဲ့လဲဆိုတာကို မသိနိုင်ပေ. ဧကရာဇ်ရဲ့သားကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာကြောင့် သူမကို သစ္စာဖောက်တစ်ယောက်အဖြစ် သတ်မှတ်လို့ရသည်. အဆိုးဆုံးတွက်ကြည့်ရင်တော့ သူမကို ပုန်းနေဖို့ ကူညီပေးခဲ့တဲ့ Sitrin ကလဲ အပြစ်ပေးခံရနိုင်သည်. ဒီနယ်က နယ်သားတိုင်းက ကျွန်တွေ ဖြစ်သွားနိုင်သည်.

ဒီအချိန်မှာ ဧကရာဇ်ရဲ့စစ်သည်တွေက Poliana ကို တိုက်ခိုက်ဖမ်းဆီးခဲ့ရင်တောင် အံ့ဩစရာမလိုပေ. ဒါပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် အထူးတပ်ဖွဲ့က စစ်သည်တွေက တိတ်ဆိတ်စွာနဲ့ ဆက်လက်ရှိနေသည်.

Lucius က သူ့ရဲ့လုံခြုံရေးအတွက် ပထမတပ်ဖွဲ့က စစ်သည်အနည်းငယ်ကိုသာ ခေါ်ဆောင်ခဲ့တာဖြစ်သည်. ဒီစစ်သည်တွေက သူတို့ဧကရာဇ်နဲ့ ဆင်တူတဲ့ 'ခွေးစာလေး'ကို မြင်လိုက်ရတော့ သူတို့က လှုပ်ရှားမှုမရှိတော့တဲ့အထိ အံ့ဩသွားခဲ့ကြသည်. စစ်သည်တွေက မတ်တပ်ရပ်လျက်ရှိနေကာ သူတို့အချင်းချင်း တီးတိုးပြောနေကြသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now