အခန်း ၃၅၁

48 4 0
                                    

Poliana အတွက် Rebecca ရေးထားတဲ့စာကတော့ Tory နဲ့ Stra တို့အတွက် ရေးထားတဲ့စာတွေနဲ့ အနည်းငယ်ကွဲပြားသည်.

"ကျွန်မကလေးကို စောင့်ရှောက်ပေးဖို့ ပြောမလို့ပဲ ဒါပေမဲ့ မပြောတော့ပါဘူး. ရှင်က ရှင့်အတွက်ကလွဲရင် တခြားသူတွေအတွက် တာဝန်ယူဖို့ မစဉ်းစားသင့်ဘူး. လောဘကြီးပြီးတော့ ပျော်ပျော်နေလိုက်စမ်းပါ. ဒါက ရှင့်အတွက် ကျွန်မပြောချင်တာ အကုန်ပဲ"

သူမရဲ့သေသွားတဲ့သူငယ်ချင်းက သူမကို ပျော်ပျော်နေဖို့ အားပေးလိမ့်မယ်လို့ Poliana ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးပေ. သူမက စာကို တိတ်ဆိတ်စွာနဲ့ ဆက်ကြည့်နေသည်. Rebecca က သူမနားလေးမှာ တီးတိုးစကားလာပြောနေသလိုမျိုး ခံစားရသည်.

Poliana က မျက်ရည်ဝဲလာတာကြောင့် သူမရဲ့အင်္ကျီလက်တွေနဲ့ အမြန်သုတ်လိုက်ရသည်. Tory က စကားတစ်ခွန်းမှမဆိုပဲ လက်ကိုင်ပုဝါကမ်းပေးလာသည်. Lucius နဲ့ လက်မထပ်ခင် Rebecca ရဲ့စာကို ဖတ်လိုက်ရတာက.. Poliana က ထူးဆန်းသလိုခံစားလိုက်ရသည်. သူမက မော့ကြည့်လိုက်ကာ သူမကို အချိန်အတော်ကြာစိတ်ဒုက္ခပေးနေတဲ့ မေးခွန်းကို မေးလိုက်တော့သည်.

"ငါ့အနေနဲ့ အရှင့်ကိုလက်ထပ်ဖို့ တကယ်ပဲ အဆင်ပြေပါ့မလား?"

Stra က သူမမျက်ရည်တွေကိုသုတ်ကာ ပြန်ဖြေလိုက်သည်.

"ဒါပေါ့ရှင်! တကယ်လို့ Rebecca သာ ရှိနေရင်လဲ သူမက ရှင့်အတွက် ပျော်နေမှာ!"

သူမခင်ပွန်းလောင်းရဲ့ ဇနီးဟောင်းတွေဆီကနေ ဒီလိုစကားမျိုး ထပ်ကြားရတာက... Poliana အတွက်တော့ တကယ့်ကိုပဲ ထူးဆန်းတဲ့ အနေအထားမျိုးဖြစ်နေသည်.

Tory က အခိုင်အမာထပ်ပြောလိုက်သည်.

"Marquess Winter, Rebecca ရဲ့ စာထဲမှာ ပြောထားသလိုပဲ. ရှင်က တခြားသူတွေအတွက် စိတ်ပူမနေသင့်ဘူး. ရှင်လုပ်ရမှာက ရှင့်အတွက်ရှင် စဉ်းစားဖို့ပဲ. မင်းသမီး Luminae အတွက် မိခင်ကောင်းတစ်ယောက်ဖြစ်လာဖို့ ကတိပေးစရာတောင်မလိုဘူး"

Poliana ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ကာ Tory က ရှင်းရှင်းလင်းလင်းထပ်ပြောလိုက်သည်.

"ရှင့်ကို ဘယ်သူမှ အပြစ်ပြောမှာမဟုတ်ဘူး. ရှင့်ကို ဘယ်သူကမှ ရှုံ့ချမှာလဲမဟုတ်ဘူး. ဘယ်သူမှ ရှင့်ကို ဝေဖန်ပိုင်းခြားခွင့်မရှိဘူး"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now