အခန်း ၃၁၆

46 6 0
                                    

"အမှန်တော့ ဒီလိုကိစ္စက ဖြစ်နေကျမျိုးပါပဲ သခင်မ"

အိမ်တော်ထိန်းက ရှင်းပြလိုက်တော့ Poliana က စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်.

"အဲ့လိုလား?"

အမှန်တော့ ဒီပုံပြင်အကြောင်းကို ကြားခဲ့တုန်းက Lucius ကလဲ Poliana လိုပဲ တုန့်ပြန်ခဲ့သည်.

အခုထိတော့ ဒီပုံပြင်တွေက သာမာန်လူတန်းစားတွေကြားမှာ ရေပန်းစားနေတဲ့အကြောင်းအရာဖြစ်နေသည်. အထက်တန်းလွှာတွေကြားမှာ ပျံ့နှံ့နေတဲ့ ပုံပြင်အကြောင်းအရာက ပိုအရေးပါနေသည်. Poliana က အိမ်တော်ထိန်းကို မေးလိုက်သည်.

"ငါ မင်းကို စိတ်ဆိုးမှာမဟုတ်ဘူးဆိုတော့ ငါ့ကို အမှန်အတိုင်းပြော.. အရှင် သတင်းဖြန့်ခဲ့တဲ့အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ?"

Poliana က ဒီဖြစ်ရပ်ရဲ့ အဓိကဇာတ်ဆောင်ဖြစ်နေသလို သားကောင်လဲဖြစ်နေသည်. သူမက ဒီအကြောင်းအရာတွေအားလုံးကို သိပိုင်ခွင့်ရှိသည်. သူမက အိမ်တော်ထိန်းကို စိုက်ကြည့်နေတာကြောင့် အိမ်တော်ထိန်းက အကြည့်လွှဲကာ ပြန်ဖြေလိုက်သည်.

"အဲ့တာက သခင်မရဲ့ဂုဏ်သတင်းကို ထိခိုက်စေတဲ့အကြောင်းအရာမျိုးတော့မဟုတ်ပါဘူး..."

"ငါ့ကို ပြောသာပြောပြစမ်းပါ!"

Poliana က စိတ်မဆိုးဘူးလို့ ကတိပေးခဲ့ပေမဲ့ သူမက သူ့ကိုတော့ အော်မိလိုက်သေးသည်. သူမက ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို မုန်းတီးနေသည်. ဧကရာဇ်က ဒီလိုအကွက်မျိုးရွှေ့လာမှာကို သူမ ခန့်မှန်းခဲ့မိသင့်သည်. ထပ်ပြီးတော့ သာမာန်လူတန်းစားတွေက ဧကရာဇ်နဲ့ သူမကြားက စိတ်ကူးယဉ်ဆန်တဲ့ဆက်ဆံရေးမျိုးကို အားပေးအားမြှောက်ပြုနေပုံရတဲ့အတွက်လဲ Poliana က စိတ်ပျက်နေသည်.

ပျော်ရွှင်တဲ့ဇာတ်သိမ်းဖြစ်လာဖို့ အမျိုးသမီးစစ်သည်က တကယ်ပဲ ဧကရီတစ်ပါးဖြစ်လာဖို့ လိုလို့လား? ဒါက တစ်ခုတည်းသောနည်းလမ်းပဲလား?

"အရှင့်သားတော်လေးအကြောင်းတော့ ဘာသတင်းမှ မထွက်သေးပါဘူး. အရှင်က သခင်မကို ဘယ်လိုချစ်မိသွားတယ်ဆိုတဲ့အကြောင်းပဲ ကြားခဲ့တာပါ"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now