အခန်း ၂၆၆

45 6 1
                                    

Poliana က Lucius ခြုံထားတဲ့စောင်ကို ဆွဲဖယ်ကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်တာကြောင့် သူ့ရဲ့အဝတ်မဝတ်ထားတဲ့ ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သလို ဖြစ်သွားသည်. သူက အိပ်နေရင်းနဲ့ မျက်မှောင်ကြုံ့ကာ ရေရွတ်လိုက်သည်.

"ဟင်.အင်း.."

သူတို့က တောင်ခြေနားမှာရှိတဲ့ ရွာမှာဖြစ်နေတာကြောင့် ရာသီဥတုက မနက်ပိုင်းတွေမှာ ပိုအေးနေသည်. Poliana က ကျိန်ဆဲမိလိုက်သည်.

"F*ckkk..."

သူမမျက်လုံးတွေက အကျယ်ဆုံးကျယ်နိုင်သလောက် ပြူးကျယ်သွားသည်. သူမတကိုယ်လုံးကလဲ တုန်ယင်နေသည်. Poliana က အိပ်ယာနားကနေ အမြန်ခွာလိုက်သည်. သူမထိုင်နေတုန်းမှာ သတိမထားမိပေမဲ့ မတ်တပ်ရပ်လိုက်တော့ သူမတကိုယ်လုံးက ရေစိုနေတဲ့ဂွမ်းလိုမျိုး လေးလံနေသည်. သူမခြေလက်တွေက အလုပ်လုပ်ဖို့ ငြင်းဆန်နေတာကြောင့် သူမက စောင်တွေနဲ့ညှိကာ ကြမ်းပြင်ပေါ် လဲကျသွားသည်. သူမလဲကျတာက အရမ်းမဆိုးတာကြောင့် အသံအကျယ်ကြီးတော့ ထွက်မလာခဲ့ပေ. သူမက ပြုတ်ကျသွားခဲ့ပေမဲ့ ဒဏ်ရာရတဲ့အထိတော့ မဖြစ်ခဲ့ပေ.

Poliana က သူမဓါးအိမ်ကို ဆွဲယူကာ တုန့်ဆိုင်းခြင်းမရှိပဲနဲ့ သူမခေါင်းကို ရိုက်ချလိုက်သည်.

Bam!

ပထမတော့ သစ်ပင်တွေကို ထိုးတယ် ရိုက်တယ်, နောက်တော့ အဆောက်အဦးတွေ, အခုတော့ သူမက သူမကိုယ်သူမ ပြန်ရိုက်နေတဲ့ ထူးဆန်းတဲ့အကျင့်တစ်ခု ထပ်ရသွားသည်. သူမက ခေါင်းကိုက်နေတာကြောင့် နာကျင်နေပြီးသားဖြစ်တာကြောင့် အခုလို ရိုက်လိုက်တဲ့အတွက် သူမက ပိုပြီးတော့ မူးဝေသွားသည်. နာကျင်မှုက ပြင်းထန်တာကြောင့် သူမက ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေရသည်. သူမခန္ဓာကိုယ်က စောင်တွေနဲ့ လုံးထွေးနေသည်. သူမက ပါးစပ်ဟကာ အသံမထွက်ပဲ အော်ဟစ်လိုက်သည်.

ကံမကောင်းစွာနဲ့ ဒါက အိပ်မက်တစ်ခုမဟုတ်ခဲ့ပေ. သူမ ဘယ်လောက်ပဲဆုတောင်းဆုတောင်း ဒါက အဖြစ်မှန် ဖြစ်နေသည်. သက်သေတွေအားလုံးက နိဂုံးချုပ်တစ်ခုတည်းကို ညွှန်ပြနေပြီး တခြားအကြောင်းပြချက်ပေးစရာမရှိတော့ပေ. သူမက လက်မခံချင်ပေမဲ့ သူမရဲ့ငြင်းဆန်ချက်က အဖြစ်မှန်ကို မပြောင်းလဲသွားစေနိုင်ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now