အခန်း ၃၀၁

49 5 0
                                    

Lucius နဲ့ Poliana တို့ စကားပြောလို့ပြီးသွားပြီဆိုတာကို ကြားလိုက်တာနဲ့ Sir Ainno က ဧကရာဇ်ဆီကို သွားလိုက်သည်. အခန်းထဲကို ဝင်သွားပြီး Lucius ကို မြင်လိုက်တော့ ဧကရာဇ်က ပျော်ရွှင်နေပုံမရပေ. အခန်းက မှောင်မိုက်နေပြီး Lucuis ကလဲ ဝမ်းနည်းနေမှန်း သိသာနေသည်. Sir Ainno က ဘာကြောင့်လဲဆိုတာကို နားမလည်နိုင်တော့ပေ.

'သူတို့မှာ ကလေးလဲရှိနေပြီကို သူက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ?. သူမက သူ့ရဲ့လက်ထပ်ခွင့်ကို ငြင်းလိုက်လို့လား? တကယ်ကြီးလား?'

ကလေးကို ဖွက်ထားတဲ့အတွက် Poliana ကို ခွင့်လွှတ်ပေးဖို့နဲ့ သူမကို လက်ထပ်ခွင့်တောင်းလိုက်ဖို့သာ ဧကရာဇ်က လုပ်ဖို့လိုနေတာဖြစ်သည်. ဧကရာဇ်ကို ကြည့်ရတာတော့... အပြစ်ရှိနေတယ်လို့ ခံစားနေရပုံသာ ဖြစ်နေသည်. သူက နောင်တရနေတဲ့ပုံစံ ဖြစ်နေတာကြောင့် Sir Ainno က စိတ်ရှုပ်သွားဟန်နဲ့ မျက်မှောင်ကြုံ့သွားကာ ဒေါသထွက်လာသည်.

ဧကရာဇ်အပေါ် Sir Ainno ရဲ့ သစ္စာရှိမှုကို ဘယ်သူမှ မငြင်းဆန်နိုင်သလို Lucius ကို ချစ်တဲ့ လူတစ်ယောက်အနေနဲ့ Sir Ainno က သူ့ဧကရာဇ်ရဲ့ အမူအရာကြောင့် ဒေါသထွက်နေသည်. သူချစ်တဲ့အမျိုးသမီးတစ်ယောက်အတွက်ဆိုရင်တောင်မှ ဧကရာဇ်တစ်ပါးက ဘယ်တော့မှ မတောင်းပန်သင့်ပေ. သူက သူ့တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်တယ်ဆိုတာကို ဧကရာဇ်အနေနဲ့ ဘယ်တော့မှ မမေ့လျော့သင့်ပေ.

ဒေါသထွက်နေမှန်း သိသာနေတဲ့ Sir Ainno က နောက်လှည့်လိုက်သည်. သူ့ဧကရာဇ်ဆီမှာ ဒီလိုအမူအရာမျိုး ထပ်မဖြစ်လာအောင်လုပ်ဖို့က သူ့အလုပ်ဖြစ်ပြီး သူက ဒီအခြေအနေကို ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေသည်. သူက Poliana ဆီကို သွားကာ သူမကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ပြုလုပ်ခိုင်းမှာ ဖြစ်သည်.

"မသွားနဲ့"

သူ အခန်းထဲကနေ ထွက်မသွားခင်မှာပဲ Lucius က သူ့ကိုတားလိုက်သည်.

"အရှင်"

"အဲ့တာက ငါ့အမှားပါ"

"အရှင်က ဘာအမှားမှ မလုပ်ခဲ့ဘူး. အရှင်က ဧကရာဇ်တစ်ပါးလေ. အရှင်က ဒီတိုင်းပြည်ရဲ့အုပ်ချုပ်သူ. ဒါကြောင့် အရှင်က ဘာအမှားမှ မလုပ်ဘူးလို့ အဓိပ္ပါယ်ရတယ်. အရှင့်ကို ဝမ်းနည်းအောင် လုပ်တာက Marquess Winter ရဲ့ အမှားဆိုတော့ သူမကို အပြစ်ပေးရမယ်"

Emperor and the Knightness (Zawgyi) Book - 2Nơi câu chuyện tồn tại. Hãy khám phá bây giờ