အခန်း ၂၃၆

34 3 0
                                    

Marquis Seeze က ဧကရာဇ်ကို ပြောလိုက်သည်.

"အရှင်! ဒီမိန်းမက စိတ်လွတ်သွားပါပြီ. သူမကို အာရုံမထားပါနဲ့တော့ ကျွန်တော့်မြေးမရဲ့နာမကျန်းမှုအတွက် ကျွန်တော့်ရဲ့ဝမ်းနည်းမှုတွေကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရပါဘူး. ဒီလိုရောဂါမျိုးက အသက်ကြီးနေတဲ့ ကျွန်တော့်လို လူမျိုးက ဖြစ်သင့်တာကို.. အခုတော့ ဒီမိန်းမငယ်လေးက..... သူမက စိတ်ဖောက်ပြန်နေတာဖြစ်မယ်! အဲ့ရောဂါက ကျွန်တော်ဖြစ်ခဲ့သင့်တာ!. Tory.. Tory.. မင်းလို ထက်မြက်တဲ့မိန်းကလေးတစ်ယောက်က, ဘာတွေဖြစ်ခဲ့တာလဲကွယ်?! ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ!"

Marquis Seeze က ဝမ်းနည်းတကြီးနဲ့ ငိုလိုက်တာကြောင့် လူတွေကို သူ့ကို စာနာသနားသွားကြသည်. အမှန်တကယ်တော့ Tory ကသာ ငိုချင်နေခဲ့တာ. သူမ အခုလုပ်ခဲ့တာတွေက.. Tory က သူမရဲ့ကိုယ်ပိုင်ကမ္ဘာကို သစ္စာဖောက်ခဲ့တာဖြစ်သည်. ပြဿနာက သူမက ဒီကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေသည်. သူမကလဲ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်တာကြောင့် ဒီကမ္ဘာကို ဖျက်ဆီးတာက သူမကိုယ်သူမ ဖျက်ဆီးတာနဲ့ အတူတူပဲဖြစ်သည်.

သူမက အချိန်အတော်ကြာ စဉ်းစားတွေဝေခဲ့သည်. သူမကို နာခံတတ်ဖို့ ပျိုးထောင်ခဲ့တာဖြစ်သည်. သူမကို တိတ်ဆိတ်ငြိမ်သက်စွာရှိနေဖို့နဲ့ သူမကို ခိုင်းတဲ့အတိုင်းသာလုပ်စေချင်တာဖြစ်သည်. ဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့် သူမတစ်ဘဝလုံးကြိုးစားထားခဲ့တာတွေက ပျက်စီးသွားတော့မှာဖြစ်သည်. ကြမ်းပြင်ပေါ်ဖိတ်ကျသွားတဲ့ ရေခဲဝိုင်တွေလိုပဲ, သူမလုပ်ခဲ့တာတွေအတွက် နောက်ပြန်ဆုတ်လို့မရတော့ပေ.

Tory က သူမရဲ့နောက်ဆုံးလက်နက်ကို ထုတ်လိုက်သည်.

"Duke Jimi, Viscount Speal, ပြီးတော့ တခြားအဆင့်မြင့်အထက်တန်းလွှာတွေ.. သူတို့ရဲ့ စာကြည့်ခန်းတွေထဲမှာလဲ လျှို့ဝှက်အံဆွဲတွေရှိတယ်. Duke Jimi ဆီမှာ ရှိတဲ့လက်သမားက အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ ဒါ့ကြောင့် သူတို့တွေအတွက်ပါ စားပွဲခုံတွေ လုပ်ခိုင်းခဲ့တာပါ"

သူမစကားပြောတာပြီးပြီးချင်းမှာပဲ Tory မူးဝေလာသည်. သူမဆီမှာ အားမရှိတော့တာကြောင့် သူမက အနည်းငယ်ယိမ်းယိုင်နေသည်. Acreia မှာ အမျိုးသမီးတွေကို အလေးပေးဆက်ဆံကြပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့တွေကို အလွန်အမင်း ကန့်သတ်ထားကြသည်. ဒီလိုတိုင်းပြည်မှာ, Tory က စံနမူနာထားရမဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပျိုးထောင်ခံခဲ့ရတာ ဖြစ်သည်. သူမက ပြုံးတယ်, ကတယ်, သီချင်းဆိုတယ် ပြီးတော့ အပ်ချုပ်တယ်. သူမ စကားပြောလို့ရတဲ့ လူတွေကို ကန့်သတ်ထားသည်. သူမပြောတဲ့အကြောင်းအရာတွေကိုလဲ အနီးကပ်စောင့်ကြည့်ကြသည်. ဧကရာဇ်ရဲ့ဇနီးတစ်ယောက်အဖြစ်တောင်မှ သူမက Marquis Seeze ဘက်မှာ ရှိနေတဲ့ သူမရဲ့အကူတွေမဟုတ်တဲ့ တခြားသူတွေကို တိုက်ရိုက်အမိန့်ပေးခိုင်းစေတာမျိုးမရှိခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now