အခန်း ၂၀၆

40 1 0
                                    

Duchess Nani က တွေဝေဟန်ဖြင့် ပြန်မေးလာသည်.

"ရှင်?"

Lady Tory က အေးစက်စွာနဲ့ ရှင်းပြလိုက်သည်.

"ကျွန်မနဲ့ Lady Stra တို့က မင်းသမီးလေးကို စောင့်ရှောက်လိုက်ပါမယ်. ကျွန်မတို့အနေနဲ့ ရှင့်ကို မင်းသမီးလေးကို ကြည့်ရှုခွင့်မပေးနိုင်တော့ဘူး. ဒါကြောင့် ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

"ဒါပေမဲ့ Lady Tory, ငါက မင်းသမီးလေးရဲ့ အဘွား ပြီးတော့ ကွယ်လွန်သွားတဲ့ Lady Rebecca ရဲ့ မိခင်လေ! နင်တို့က ငါ့ကို ထွက်သွားခိုင်းရဲလား?"

"ရှင့်က ရှင့်သမီးကိုတောင် ဂရုမစိုက်တာ, အခု သူမနဲ့ပတ်သက်ပြီး စကားကောင်းကောင်းပြောလို့ရပေမဲ့ ရှင်မပြောခဲ့ဘူး ဒါကြောင့် ကျွန်မတို့အနေနဲ့ ရှင့်ကို မင်းသမီးလေးနားမှာ မထားနိုင်ဘူး. Duchess Nani. တကယ်လို့ ရှင်သာ မင်းသမီးလေးနားမှာ နေမယ်ဆိုရင် မင်းသမီးလေးက ရှင့်ဆီကနေ ဘာတွေကိုများ သင်ယူနိုင်မလဲဆိုတာ ကျွန်မ စဉ်းစားလို့တောင်မရဘူး"

Lady Stra ကလဲ သဘောတူလိုက်သည်.

"ဟုတ်တယ်. အခု ကျွန်မတို့က မင်းသမီးလေးရဲ့အမေတွေပဲ. ဒါကြောင့် မင်းသမီးလေးကို ကျွန်မတို့ပဲမွေးမယ်. ကျေးဇူးပြုပြီးထွက်သွားပေးပါ Duchess Nani"

Duchess Nani က အထိတ်တလန့်ဖြစ်သွားကာ ရေရွတ်လိုက်သည်.

"နင်တို့ ဘာတွေပြောနေလဲဆိုတာ ငါနားမလည်ဘူး.."

"ထွက်သွားတော့"

Duchess Nani က ဧကရာဇ်ရဲ့ဇနီးနှစ်ယောက်နဲ့ မယှဉ်နိုင်ပေ. သူမ ဧည့်ခန်းထဲကနေ ထွက်သွားချိန်မှာတော့ Lady Tory က သက်ပြင်းချလိုက်သည်. သူမက Duchess Nani ကို ထွက်သွားခိုင်းပေမဲ့ Duchess Nani က သူမစကားကိုနာခံမယ်လို့တော့ မထင်ခဲ့ပေ. Lady Tory နဲ့ Lady Stra တို့က မင်းသမီးလေးရဲ့မိခင်တွေဖြစ်နေတယ်ဆိုတဲ့ အချက်က သူမတို့အတွက် ကံကောင်းတဲ့အချက်တစ်ခု ဖြစ်သွားသည်. Duchess က Yapa မှာ ဆက်နေခဲ့ရင်တောင် Lady Tory နဲ့ Lady Stra တို့က မင်းသမီးရဲ့ အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး သူမကို တားဆီးပိုင်ခွင့် ရှိသေးသည်.

Lady Tory က စိတ်ပူပင်စွာနဲ့ တွေးလိုက်သည်.

'တကယ်လို့ အရှင်က Duchess ကို ဒီမှာနေဖို့ ခွင့်ပြုလိုက်ရင်ရော? အရှင့်က သူ့သမီးအရင်းကိုတောင် တွေ့ဖို့ငြင်းဆန်နေတာကိုရော ငါဘယ်လိုလုပ်ရမလဲ?..'

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now