အခန်း ၂၁၄

42 3 0
                                    

Lucius က စိတ်ပျက်စရာအခြေအနေမှာ ရှိနေသည်. သူ့အနေနဲ့ အကြီးအကဲတွေကို သည်းခံနေတာက အကြီးအကဲတွေအနေနဲ့ သူ့ကို အစားထိုးဖို့ ဆန္ဒမရှိကြလို့ဖြစ်သည်. အကြီးအကဲတွေက အာဏာနဲ့ စည်းစိမ်ချမ်းသာတွေရဖို့အတွက်သာ လောဘကြီးကြတာဖြစ်ပြီး အများစုကလဲ သူနဲ့ ဝေးတဲ့ Nanaba မှာ ရှိနေကြသည်. ဒါပေမဲ့ အကြီးအကဲတွေရဲ့ အပြုအမူတွေက ပုန်ကန်ဖို့အတွက် နီးစပ်လာနေသည်.

ဧကရာဇ်က Sir Bentier ကို မေးလိုက်သည်.

"Benti, မင်းမိသားစုဘက်မဟုတ်ပဲ ဘာလို့ ငါ့ဘက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာလဲ?"

"ကျွန်တော်လား အရှင်?"

"ဟုတ်တယ်, မင်း. မင်းအနေနဲ့ မင်းအဘိုးစကားကိုနားထောင်တာ ပိုကောင်းမယ်မဟုတ်ဘူးလား? တကယ်လို့ မင်းသာ ငါ့ဘက်မှာဆိုရင် မင်းရဲ့အာဏာလဲ လျော့သွားမှာလေ. မင်းဒါကို သိတယ်မလား?"

Lucius က အထက်တန်းလွှာတွေရဲ့အာဏာကို လျော့ချပြီး သူ့နေရာကို ခိုင်ခန့်အောင် စီစဉ်နေတာဖြစ်သည်. ဒါက လူတွေအများကြီးကို ဒေါသထွက်စေမှာ ဖြစ်ပေမဲ့လဲ မတတ်နိုင်ပေ. ဧကရာဇ်က ဒီအခြေအနေနဲ့ပတ်သက်ပြီး Sir Bentier က ဘယ်လိုခံစားနေရတယ်ဆိုတာကို သိချင်နေတာဖြစ်သည်.

Sir Bentier က ပြန်ဖြေလိုက်သည်.

"အဲ့တာက ဘာလို့လဲဆိုတော့ ကျွန်တော်က အရှင့်အတွက် အထောက်အပံ့ဖြစ်ချင်လို့ပါ. ကျွန်တော်က အရှင့်နောက်ကို လိုက်ချင်လို့ပါ"

"ဒီအကြောင်းပြချက်ကြောင့်ပဲလား?"

"အရှင်, အရှင်က လူတွေကို လက်တွေ့ကျဖို့နဲ့ အိပ်မက်မမက်ဖို့ ပြောတယ်. ဒါပေမဲ့ ကျွန်တော့်စိတ်ထင် အရှင်ကသာ အမှန်တရားကို မြင်အောင်ကြည့်ဖို့လိုတာ. ကျွန်တော်က အရှင့်ဘက်မှာ ရပ်တည်ချင်လို့ ရပ်တည်ခဲ့တာ. အရှင်က ကျွန်တော်တို့ကို ယုံကြည်တဲ့အကြောင်းကို အမြဲတမ်း ပြသခဲ့တယ်. အရှင်က ကျွန်တော်တို့ကို ဒီတိုက်ကြီးရဲ့အဆုံးကို ပြပေးခဲ့တာ. ကျွန်တော်ရော တခြားလူတွေကရော အရှင့်ကို အမြဲတမ်းကူညီပြီးတော့ အရှင့်ကို ယုံကြည်နေမှာပါ"

"အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ချီးမွှမ်းစကားပါလား; ငါ ဝမ်းသာသလို ဝန်ထုပ်ဝန်ပိုးလဲဖြစ်မိတယ်"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now