အခန်း ၂၂၈

40 4 0
                                    

အကူတွေက Cekel နဲ့ Sir Ainno တို့အကြောင်းကို ဝမ်းသာအားရ ပြောလာကြသည်.

"ဝိုး, ကြားရတာ အံ့ဩစရာပဲ!"

"အားကျလိုက်တာဟာ! ကျောက်မျက်ရတနာတွေ တစ်သေတ္တာစာလား?"

အခုလက်ရှိ Yapa မှာ လူပြောအများဆုံးအကြောင်းအရာက Sir Ainno နဲ့ Cekel တို့ရဲ့ လက်ထပ်မဲ့ အကြောင်းဖြစ်သည်. Frau နဲ့ Poliana တို့လိုပဲ Sir Ainno နဲ့ Cekel ကြားက ကြွယ်ဝချမ်းသာမှုနဲ့ အဆင့်အတန်းကွာခြားချက်ကလဲ ကြီးမားနေသည်. ဒါပေမဲ့ ဒီစုံတွဲနှစ်တွဲနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ တုန့်ပြန်မှုက မတူညီကြပေ. Poliana နဲ့ Frau တို့အကြောင်း ကြားတဲ့လူတိုင်းက သူတို့ခေါင်းတွေကို ရမ်းလိုက်ကာ ရယ်မောကြသည်. သူမထက် နိမ့်ကျတဲ့လူတစ်ယောက်ကို လက်ထပ်တဲ့ အမျိုးသမီးတစ်ယောက်? လူတွေက ဒါကို လက်မခံနိုင်စရာ ဒါမှမဟုတ် ရယ်စရာတစ်ခုအဖြစ် သတ်မှတ်နေကြသည်. ဒါပေမဲ့ သူမထက် အဆင့်အများကြီးမြင့်တဲ့ အမျိုးသားတစ်ယောက်ကို လက်ထပ်တာကရော? အမျိုးသမီးတွေက Sir Ainno နဲ့ Cekel တို့ရဲ့အကြောင်းကိုတော့ စိတ်ကူးယဉ်ဆန်တဲ့အကြောင်းအရာအဖြစ် မြင်နေကြသည်.

အမျိုးသမီးအများစုက မနာလိုလဲဖြစ်နေကြသည်. Cekel က ဉာဏ်များတယ်လို့ ပြောဆိုနေကြသည်. သူမက ဘယ်တော့မှလက်မထပ်တော့ဘူးလို့ မပြောထားဘူးလား? အဲ့တာဆိုရင် သူမက ဘာလို့ အပျိုကြီးအဖြစ် ဆက်မနေရတာလဲ? အခုတော့ သူမက ဒီတိုင်းပြည်ရဲ့ အကောင်းဆုံးသတို့သားနဲ့ လက်ထပ်တော့မယ်....

လူတွေက သိလဲသိချင်နေကြသည်. Cekel လိုမျိုး လူတစ်ယောက်က ဘယ်လိုလုပ် Ainno Seki ရဲ့ နှလုံးသားကို ဖမ်းစားနိုင်လိုက်တာလဲ? ကောလဟာလတွေအများကြီးထွက်ပေါ်နေပေမဲ့လဲ ဘယ်တစ်ခုကိုမှ အတည်မပြုနိုင်ကြပေ. အမျိုးသမီးတွေက Cekel အပေါ် ချစ်ခင်နှစ်သက်စွာနဲ့ ပိုးပန်းနေတဲ့ Sir Ainno ရဲ့ ကြိုးစားအားထုတ်မှုကိုလဲ သဘောကျနေကြသည်. Sir Ainno က အကျင့်မကောင်းတဲ့သူဖြစ်ပြီး သူက တည့်တိုးဆန်ကာ အင်းအားသုံးဗိုလ်ကျတတ်သူဖြစ်ပေမဲ့ ဘယ်သူမှ ဒီအချက်ကို သတိပြုမိပုံမရပေ. သူက ဟန်ဆောင်ကောင်းနေတာကြောင့်လဲ ဖြစ်နိုင်သည်. Cekel က သူမကို ပိုးပန်းဖို့ ခွင့်ပြုချက်ပေးလိုက်ပြီးတည်းက သူက လုံးဝပြီးပြည့်စုံနေတဲ့ လူကြီးလူကောင်းတစ်ယောက်လိုမျိုး ပိုပြီးတော့ ပြုမူလာတော့သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now