အခန်း ၂၅၃

45 4 0
                                    

စစ်သည်တွေနဲ့ ဧကရာဇ်က သူတို့အစီအစဉ်ကို Poliana မသိအောင် သေချာဖုံးကွယ်ခဲ့သည်. ဧကရာဇ်က Poliana ရဲ့အားလပ်ရက်ကို တမင်ရက်တိုးပေးလိုက်သည်. သူမက ဆန့်ကျင်လာတော့ ဒါက သူမကို အပြစ်ပေးနည်းတစ်မျိုးဖြစ်ကြောင်း ဧကရာဇ်က ပြောလိုက်သည်. သူမအသက်ကို ထပ်မရင်းဖို့ သူက ပြောခဲ့ပေမဲ့ သူမက အမိန့်မနာခံခဲ့ပေ. Poliana က နားလည်သဘောပေါက်စွာနဲ့ ခေါင်းငြိမ့်လိုက်သည်.

Poliana က မွေးစားမောင်တွေဖြစ်တဲ့ Sir Donau နဲ့ Sir Howe တို့ကို တွေ့လိုက်ရတဲ့အတွက် အပျော်လွန်သွားသည်. သူမက သူတို့ကို တင်းကျပ်စွာနဲ့ ဖက်လိုက်သည်. သူတို့က စာတွေအပြန်အလှန် ပို့နေကြပေမဲ့ လူချင်းမတွေ့ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်. Polian က ပြုံးပျော်နေသည်. ဒီညီအစ်ကိုက သူမကို အာရုံလွှဲထားချိန်မှာ Lucius ကတော့ Frau အနေနဲ့ Poliana ဆီကို မသွားနိုင်အောင်လုပ်ခဲ့သည်. အဲ့အချိန်မှာပဲ သတင်းအချက်အလက်အဖွဲ့က မမောနိုင်မပန်းနိုင် အလုပ်လုပ်နေရသည်. Sir Deke က Frau ရဲ့ ကလေးနဲ့ သူ့အမေဘက်က မိဘတွေ ဘယ်မှာနေတယ်. Frau က သူတို့ကို ပိုက်ဆံဘယ်လောက်ပို့ပေးနေတယ်ဆိုတာတွေကို သိအောင် လုပ်ဖို့လိုနေသည်.

Frau က Acreian မြို့ငယ်လေးတစ်ခုဆီက ဆွေမျိုးတွေဆီကို မကြာခဏဆိုသလို စာတွေပို့တတ်သည်. လက်တွေ့မှာတော့ သူက သူ့ကလေးနဲ့ သူ့ယောက္ခမတွေဆီကို ပိုက်ဆံပို့ပေးနေတာ ဖြစ်သည်. သူက သူ့သားဆီကို ပိုက်ဆံပို့ပေးနေရတာကြောင့် သူက ပိုက်ဆံအပိုအလျှံမရှိပဲ ဆင်းရဲနေတာဖြစ်သည်.

သူက Yapa ကို ရောက်လာပြီးတည်းက သူ့သားဆီကို အကြိမ်အနည်းငယ် သွားလည်ခဲ့သည်. ကံမကောင်းစွာနဲ့ လွန်ခဲ့တဲ့ ၆ လအတွင်းမှာတော့ အလုပ်တွေများနေတာကြောင့် သူက Nanaba ကို မသွားနိုင်ခဲ့ပေ.

Frau က သူ့သားကို သတိရနေသည်. သူက သူ့သားကို တော်တော်လေး သတိရနေပြီး Lucius ကလဲ ဒီအကြောင်းကို သေချာသိနေသည်. Sneke မိသားစုနဲ့ ပတ်သက်ပြီးတော့ သတင်းအမှားတွေကို သတင်းအချက်အလက်အဖွဲ့က လွှင့်လိုက်သည်. Duke Sneke နဲ့ သူ့မိသားစုကလဲ လတ်တလောဖြစ်ရပ်မှာ အဖမ်းခံခဲ့ရတဲ့ အထက်တန်းလွှာတွေထဲမှာ ပါဝင်သည်. Sneke နယ်မြေက မြို့ခံလူအနည်းငယ်က ပုန်ကုန်မှုအတွင်းမှာ ထိခိုက်နာကျင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now