အခန်း ၂၀၀ ။ ကောင်းကင်တံခါးအင်းကွက်ကို ချိုးဖောက်ခြင်း
ရှန်းရင်က ကျောက်ပြားဆီ လျှောက်လာခဲ့တယ်။ ချက်ချင်း ကျောက်ပြားရဲ့ ထိပ်ပေါ်မှာ အင်းကွက်က လင်းသွားခဲ့တယ်။ သူမ ဘာတွန်းလှန်မှုမှမကြုံရဘဲ တန်းတန်းမတ်မတ် လျှောက်လာတယ်။ ရင်းနှီးနေတဲ့အသံက သူမလက်ထဲကိုင်ထားတဲ့ အဝါရောင် အသံလွှင့်အဆောင်ဆီကနေ ထွက်လာပါလေရော။
"ရှန်းရင် မင်း ငါပြောတာ ကြားရလား၊ မင်းရှေ့က အနီရောင်အင်းကွက်ကိုမြင်လား"
ရှန်းရင် အဝေးမှာတစ်လက်လက်တောက်ပနေတဲ့ အနီရောင်အလင်းကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့မှ တစ်ဖက်ကလူက သူမကို မမြင်နိုင်တာ သတိရသွားပြီး ပြန်ဖြေလိုက်တယ်။
"အင်း"
"ဘယ်ဘက်ကအင်းကွက်ထဲဝင်၊ အင်းကွက်အလယ်မှာ အမတကျောက်တုံးတစ်ပိုင်းကို တွေ့လိမ့်မယ်၊ မြင်ရလား"
"အင်း"
"ကောင်းပြီ၊ အဲကျောက်တုံးက အင်းကွက်ကို အသက်သွင်းတဲ့ ခလုတ်ပဲ၊ ကျောက်တုံးကိုဖယ်ပြီး ငါတို့ဝင်လို့ရအောင်လုပ်လိုက်"
"ကောင်းပြီလေ"
"ငါတို့က ဒီကိုစုံစမ်းဖို့လာတာနော်၊ ရန်ဖြစ်ဖို့ မဟုတ်ဘူး၊ ကျောက်တုံးကလွဲ တခြားဘာမှမထိနဲ့"
"ကောင်းပြီလေ"
"မှတ်ထားနော် ဘယ်ဘက်က အင်းကွက်၊ ညာဘက်ကျောက်တုံးက အင်းကွက်ကျောက်တုံး၊ အဲဒါကိုဖယ်လိုက်ရင်..."
သူစကားမဆုံးခင် အသံအကျယ်ကြီးထွက်လာတယ်။ ကောင်းကင်တံခါးကို ပိတ်ထားတဲ့ ကျောက်ပြားက ပြိုလဲသွားပြီး မြေကြီးပေါ် အပိုင်းစလေးတွေအဖြစ် တစစီဖြစ်သွားခဲ့လေတယ်။ ဖုန်မှုန့်အလိပ်လိုက်ကနေတစ်ဆင့် အရှေ့တည့်တည့်ကလူတစ်ယောက် မျက်နှာပေါ် ကြောင်အမ်းနေတဲ့ အမူအရာနဲ့ အင်းကွက်ကျောက်တုံးတစ်ခုကို ကိုင်ထားတာကို ခပ်ဝါးဝါးမြင်နိုင်ပါတယ်။
လေးယောက်သား ။ ။ "..."
"အာ..." ရှန်းရင် သူမလက်ထဲက အမတကျောက်တုံးကိုငုံ့ကြည့်လိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်