အခန်း ၂၉၆ ။ အတင်းအကြပ် ဝိညာဉ်ကူးပြောင်းမှုနောက်ကွယ်မှ လက်သည်တရားခံ
တစ်နာရီအကြာ။
ရှန်းကျင်းက သူတို့ရှေ့ စာကလေးတွေလိုမျိုး ကြောက်လန့်တကြားထိုင်နေတဲ့ လူသုံးယောက်ကို ကြည့်လိုက်တယ်။ သူတို့တွေ အရိုးထဲထိ ချမ်းစိမ့်တာကို ခံစားလိုက်ရတယ်။
"တခြားနည်းနဲ့ပြောရရင်... နင်က အခု အဲသွေဖည်ကမ္ဘာက ကောင်စုတ်လေးနဲ့တွဲနေတယ်ပေါ့"
ရှန်းရင်က တုန်သွားပြီး ခပ်တိုးတိုးဗလုံးဗထွေးရေရွတ်တယ်။
"ဟုတ်..."
"နင်က အဲမျက်နှာပြင်ဆီ သူ့နောက်လိုက်သွားမယ်ပေါ့"
"... ဟုတ်"
သူမက ကူယွဲ့ကို လှမ်းကြည့်လိုက်တယ်။
"ပြီးတော့ နင်က သူတို့ကို အောင်သွယ်ပေးခဲ့တယ်လား"
ကူယွဲ့က တုန်ယင်သွားတယ်။
"ကျုပ်..." လုပ်ခဲ့တယ်လား။
"ကောင်းသားပဲ" ရှန်းကျင်းက တစ်စုံတစ်ရာကို ထိန်းချုပ်ဖို့ကြိုးစားနေဟန် သက်ပြင်းချတယ်။
"ဒီကိုခဏလောက်လာပါဦး"
ကူယွဲ့ မတုံ့ပြန်နိုင်ခင် သူ့ကော်လံတင်းကြပ်သွားတာကို ခံစားလိုက်ရတယ်။ သူ့တစ်ကိုယ်လုံး ရှေ့ကို ပျံသန်းထွက်သွားပြီး ရုတ်တရက် အခန်းတစ်ခုထဲရောက်နေတာတွေ့လိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ သွေးလန့်စရာ အော်သံတစ်သံ အထဲကနေ ထွက်လာတယ်။
"ခဏ... ဘာလို့ကျုပ်လဲ၊ ဘာဆိုင်လို့... အား နာလိုက်တာ၊ နာလိုက်တာ၊ နာလိုက်တာ... ခဏ၊ အဲဒါဘာလဲ ချထားလိုက်နော်... ကယ်ကြပါဦး... ရှန်းရင် မင်းသစ္စာဖောက်"
"နင်က ငါ့ညီမကို ထောင်ချောက်ထဲ ရောက်အောင် လုပ်ပြီးတော့ အဲသွေဖည်မျက်နှာပြင်ပေါ်မှာ ပိတ်မိနေအောင် လုပ်ချင်တယ်ပေါ့လေ၊ ငါ နင့်ကိုသတ်ပစ်မယ်"
နောက်မှာ ကျန်ရစ်ခဲ့တဲ့ ရှန်းရင်နဲ့ ယိချင်း တုန်ယင်နေတာ မရပ်တော့ဘူး။
ဖေဖေနျို၊ ငါတို့ အနာဂတ်မှာ နင့်အပေါ် ကျေးဇူးသိတတ်ပါ့မယ်။
![](https://img.wattpad.com/cover/352961897-288-k628634.jpg)
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်