အခန်း ၂၇၆ ။ မျက်နှာပြင်တံခါးပေါက်များ

568 98 2
                                    

အခန်း ၂၇၆ ။ မျက်နှာပြင်တံခါးပေါက်များ

ဟုန်ယွီက ခုလုံးဝကို တွေဝေသွားပြီ။ သူက ဒီကိစ္စတွေကို အရင်ကတစ်ခါမှ မစဉ်းစားခဲ့ဖူးသလိုမျိုး တဖြည်းဖြည်း ဇဝေဇဝါဖြစ်လာတယ်။ သူက တုန်ယင်စ ပြုလာတယ်။

"ငါတကယ်... မှားယွင်းခဲ့တာ ဖြစ်နိုင်လား"

"ဦးလေးမှားလားတော့ မသိပေမဲ့..." ရှန်းရင်က အသံကိုနှိမ့်ပြီး ဆက်ပြောတယ်။

"ဦးလေးအယူအဆတွေအားလုံးက လက်တွေ့ဘဝနဲ့ အဆင်ပြေရမယ်မလား၊ ဦးလေးက ရှေးအကျဆုံး နတ်ဘုရားတွေထဲက တစ်ပါးမလား၊ သံသရာစက်ဝန်းကို တစ်ခါမှ မဖြတ်သန်းဖူးသေးဘူးမဟုတ်လား၊ ကြည့်... အရင်က မလုပ်ဖူးဘူးဆိုရင် မကောင်းဘူးလို့ ဘယ်ပြောနိုင်မလဲ"

"..."

ရှန်းရင် သူ့ရဲ့ဖောက်ထွင်းမြင်ရလုနီးပါးကိုယ်ကို ပုတ်ပေးလိုက်တယ်။

"ဆိုရိုးစကားရှိတယ်လေ - ပြောမယုံကြုံမှသိတဲ့၊ ကောက်ချက်ချမသုံးသပ်ခင် သံသရာစက်ဝန်းထဲ အရင် ဝင်ကြည့်ပါလား"

"ငါ-"

သူက အခုပိုပြီးတောင် ဗျာများနေဟန်။ ဒါပေမဲ့ စောနကလိုတော့ မျှော်လင့်ချက်မဲ့နေတဲ့ပုံ မပေါ်တော့ဘူး။ သူ နားမလည်နိုင်သေးတဲ့ကိစ္စတွေ ရှိသေးပေမဲ့လည်း သူ့ဝိညာဉ်တွေကတော့ အလင်းမှုန်လေးတွေအဖြစ် ကွဲထွက်မနေတော့။

သူတို့ဘေးက မုန့်ပေါ်က စိတ်လှုပ်ရှားမှုကြောင့် ထခုန်လုနီးပါးဖြစ်သွားတယ်။ သူမက လက်ကို အမြန် ယမ်းပြီး ဟုန်ယွီ့ကို အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ မေ့ပျောက်မြစ်ထဲ ဝင်သွားစေလိုက်တယ်။ သူ သံသရာစက်ဝန်းထဲ ဝင်သွားခဲ့ပြီ။

"မဆိုးဘူးပဲ - မင်းရဲ့ နားချမှုစွမ်းရည်တိုးတက်လာတယ်" ကူယွဲ့ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ ရှန်းရင်ကို တံတောင်နဲ့တွတ်လိုက်တယ်။

"ဖေဖေနျိုက ငါ့ကို သေချာသင်ပေးထားတာကိုး"

"ဖွီ" သူ ဘယ်တုန်းကမှ သူမကို အဲလိုမျိုး မသင်ဖူးပါဘူး။

"ဂိုဏ်းချုပ်က တကယ်ကိုမိုက်တာပဲ" မုန့်ပေါ်က ရှန်းရင်လက်ကို စိတ်လှုပ်ရှားစွာနဲ့ ဖမ်းဆုပ်လေတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Opowieści tętniące życiem. Odkryj je teraz