အခန်း ၃၇၇ ။ လုံရှန်းမြို့

377 58 0
                                    

အခန်း ၃၇၇ ။ လုံရှန်းမြို့

ယိချင်းက ထျန်းဟန်နဲ့ စကားထပ်မပြောတော့ဘဲ စိတ်တန်ခိုးတာအိုပညာရှင်တွေရှိရာဘက်ကိုပဲ ‌မေးကာ မတ်တတ်ရပ်ပြီး ထွက်ဖို့ပြင်လိုက်တယ်။ သူ တဇွတ်ထိုးဆန်ပြီး တကယ်ကြီး သူတို့ကို စိတ်တန်ခိုးပညာရှင်တွေကို ကိုယ်တိုင်လိုက်ပို့ချင်မှာကိုပဲ ကြောက်နေတာ။ ထျန်းဟန်နေရာက ထွက်လာပြီးတဲ့နောက် သူ ချက်ချင်း ရှန်းရင်နဲ့အတူ လုံရှင်းမြို့ဆီ ဓားပျံစီးကာထွက်ခဲ့တယ်။

ထျန်းဟန်က ချင်းဟယ်စီရင်စုက  သွေဖည်တစ္ဆေတွေရဲ့ရုတ်တရက် တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာလို့ပြောခဲ့တယ်။ ဒါတကယ်ဖြစ်ပုံပဲ။ မြို့ထဲက အဲဒီတစ္ဆေတွေရဲ့ ဆိုးရွားတဲ့ရုပ်ရည်တွေက သာမန်ဘေးကပ်မျိုးမှာဖြစ်လာမဲ့ပုံတွေနဲ့ တကယ်ကိုမတူတာ။ ဒါပေမဲ့ တစ်မြို့လုံးက တစ္ဆေတွေရဲ့ မှတ်ဉာဏ်ပျောက်‌ဆုံးမှုနဲ့ မေ့ပျောက်မြစ်နေရာလွဲမှုကတော့ သွေဖည်တစ္ဆေတွေလောက်နဲ့တော့ လုပ်နိုင်မဲ့အရာမျိုး မဟုတ်ဘူး။

ထျန်းဟန်ပြောတဲ့ သွေဖည်တစ္ဆေတွေက ဘာလဲဆိုတာမသိပေမဲ့ စုန့်ရန်လိုမျိုး ခြွင်းချက်တွေကလွဲ တစ္ဆေတွေအားလုံးက မေ့ပျောက်မြစ်နား ကပ်တာနဲ့ မြေအောက်ဘုံဆီပြန်လည်ဝင်စားဖို့ ပို့ဆောင်ခံရမှာ။ ဒါကြောင့် မြစ်ရဲ့နေရာလွဲနေမှုက သေချာပေါက် သွေဖည်တစ္ဆေတွေ လုပ်တာ မဟုတ်ဘူး။ သွေဖည်တစ္ဆေတွေကိုလိုက်နေတဲ့ စိတ်တန်ခိုးတာအိုပညာရှင်တွေနဲ့ဆိုင်တာက ပ်ုဖြစ်နိုင်တယ်။

အဲအချိန်က မြို့ထဲမှာ တကယ်ပဲဘာဖြစ်ခဲ့တာလဲ။ ပြီးတော့ ဘာလို့ စုန့်ရန်က ဒီလောက်နက်ရှိုင်းတဲ့အငြိုးအတေး ရှိနေရတာလဲ။ ကြည့်ရတာ စိတ်တန်ခိုးတာအိုပညာရှင်တွေကို တစ်ချက်ကြည့်မှပဲ သိနိုင်မယ်ထင်တယ်။

ထျန်း‌ဟန်ပြောတဲ့လုံရှင်းမြို့က ဒီကနေ ကီလိုမီတာရာချီကွာတယ်ဆိုပေမဲ့ ဓားပျံစီးရင်တော့ နာရီဝက်တောင် မကြာဘူး။ ယိချင်း သူ့ကောင်းကင်စိတ်အာရုံနဲ့လှမ်းကြည့်လိုက်တော့ ရှေ့မှာမြို့ကြီးတစ်ခုကို မြင်လိုက်ရတယ်။ ဝိညာဉ်ချီက မမြင်ရလောက်အောင်နည်းတဲ့ တခြားနေရာတွေထက် သိသိသာသာများတယ်။ ဒါပေမဲ့ တခြားကမ္ဘာငယ်တွေက အမတမြို့တွေနဲ့တော့ မယှဉ်နိုင်သေးဘူးပေါ့။ ပြီးတော့ အရှိန်အဝါကလည်း အင်မတန်ရှုပ်ထွေးနေပြီး လူသားအငွေ့အသက်တွေ အပြည့်ပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now