အခန်း ၃၆၀ ။ ဘုံနောက်မှဘုံ

405 80 0
                                    

အခန်း ၃၆၀ ။ ဘုံနောက်မှဘုံ

ယိချင်းက ရှန်းရင်ကို အနား နည်းနည်းတိုးလာစေ လိုက်တယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ဒေါသကို ထိန်းဖို့ ကြိုးစားနေရတယ်။ ခဏကြာတော့ သူ ပြောလိုက်တယ်။

"ခရမ်းရောင်အငွေ့ သဲလွန်စတွေ ခု ပျောက်ကုန်ပြီ၊ ငါတို့ရှာချင်ရင်"

"မဟုတ်ဘူး" ရှန်းရင်က စကားဖြတ်ပြောတယ်။

"ဘာ"

ကူယွဲ့ ခဏတန့်သွားတယ်။ ရှန်းရင် ခရမ်းရောင်အငွေ့ပါတဲ့ သေတ္တာကို ရုတ်တရက် လွှဲပေးတယ်။ ပါးလွှာတဲ့ အကြောင်းတစ်ကြောင်းက သေတ္တာထဲကနေ လွင့်ထွက်လာလေရဲ့။ ထပ်ဖြစ်ပြီ ဒီတစ်ခါတော့ ဒါ အနောက်ဘက်ကို ဦးတည်နေတယ်။

"ဟိုလီရှစ် ဘာလို့ဒီမှာထပ်ပေါ်လာပြန်တာလဲ"

"မသိဘူးလေ" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။

"ငါလည်းခုမှသိတာ"

ကူယွဲ့ သေတ္တာကိုယူပြီး အနီးကပ်လေ့လာလိုက်တယ်။

"ထားလိုက်တော့၊ ငါတို့ကို လမ်းပြနေတဲ့ဘက်ကို ရှာကြည့်ရအောင်"

စကားဆုံးတာနဲ့ ခရမ်းရောင်အငွေ့ လမ်းညွှန်ရာနောက် လိုက်ခဲ့တယ်။ ယိချင်း အမှီလိုက်ဖို့ ကြိုးစားလိုက်တယ်။

"ဆရာ၊ အခုပဲ…" ယိချင်း စကားစပြောပေမဲ့ ရှန်းရင်က အိမ်ထောင်ရေးနှင့် သားဖွားမှုသစ်ပင်ရှိရာဘက်ကို တစ်ဖန်ကြည့်နေကြောင်း သဘောပေါက်လိုက်တယ်။ သူမက လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ။

"ဆရာ... ဆရာ”

"ဒါပေမဲ့ ကြည့်ရတာ မသင့်တော်သလိုပဲနော်"

ရှန်းရင်က ယိချင်းကို မျက်နှာချင်းဆိုင်လိုက်တယ်။ တစ်ခဏစဉ်းစားပြီးတဲ့နောက် သူမ ပြောလိုက်တယ်။

"စားဖိုမှူး၊ နင် မထင်ဘူး-"

"တွေ့ပြီ" သူတို့ရှေ့ရှိနေတဲ့ ကူယွဲ့က ရုတ်တရက် ထအော်တယ်။ သူက သေတ္တာကို နောက်တစ်ကြိမ် ကြည့်ပြီး အောက်ဆီညွှန်ပြတယ်။

"အဲမှာပဲ"

အမှန်တကယ်ပဲ၊ ခရမ်းရောင်အငွေ့တွေ ပါရှိတဲ့ သေတ္တာက ခရမ်းရောင်အလင်းဖြင့် အင်မတန်ဖျော့တော့စွာ တောက်ပလာခဲ့တယ်။ တစ်ခုခုက ဒါကို အောက်ဘက် ဆွဲချနေသလိုပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now