အခန်း ၂၅၄ ။ ဂူထဲမှမြွေကိုမြှားထုတ်
ကျူမင်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်တယ်။
"အဲနေ့က ငါ ကောင်းကင်မြေအောက်ဘုံမှာ ထူးခြားတဲ့အရှိန်အဝါရှိနေတာကို မထင်မှတ်ထားဘဲ အာရုံခံမိခဲ့တယ်၊ ငါ အဲနောက်လိုက်တော့ အမတချီဆိုတာ နားလည်လိုက်ရတယ်၊ အဲဒါ ငါအဲကလေးမကို မြင်ခဲ့တဲ့အချိန်ပဲ၊ အဲအချိန် သူက သွေးဝိညာဉ်အင်းကွက်ထဲ ပိတ်မိနေခဲ့တာ၊ ငါ သူ့ကိုအဲထဲကနေ ကယ်ထုတ်ခဲ့တာပဲ"
"သွေးဝိညာဉ်အင်းကွက်" ဖုန့်စန်းက အံ့ဩတကြီး ရေရွတ်ကာ မျက်လုံးပြူးသွားတယ်။
"ဆိုလိုတာက တစ်ယောက်ယောက်က သူမဝိညာဉ်ကို ခိုးဖို့ကြိုးစားခဲ့တာပေါ့"
"အမှန်ပဲ" ကျူမင် ခေါင်းညိတ်ပြီး သူ့အမူအရာက မည်းမှောင်နေတယ်။
"သွေးအင်းကွက်ကို စီရင်နိုင်သူက အတော်လေးကျင့်ကြံဆင့်မြင့်တဲ့ တစ္ဆေအမတပဲဖြစ်ရမယ်၊ ဒီလူက သူမအမတဝိညာဉ်အပေါ် မျက်စိကျနေတာပဲဖြစ်ရမယ်၊ တခြားကောင်းကင်မျိုးနွယ်ဝိညာဉ်တွေထက် အားနည်းတာကိုး၊ အဲဒါကြောင့် သူ့အပိုင်လုပ်ဖို့ သူမဝိညာဉ်ကို စုပ်ထုတ်ဖို့ကြိုးစားပြီး သူမရဲ့အားနည်းတဲ့ ခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့ အင်းကွက်ချခဲ့တာပဲ၊ သူ ကောင်းကင်မြေအောက်ဘုံမှာနေရင် အင်းကွက်ချတဲ့သူက အလွယ်တကူမလွှတ်ပေးမှာစိုးရိမ်တယ်လေ၊ အဲဒါကြောင့် သူ သတိတောင်မရသေးခင် မင်းဆီကိုပို့လိုက်တာပဲ၊ မင်းရဲ့ဝူချီတောင်တန်းအစွမ်းကို သုံးပြီး သူမကို ကာကွယ်ပေးနိုင်မယ်ထင်ခဲ့တာ"
ကူယွဲ့ ။ ။ "..." အဲတော့ သူကအကြောင်းမရှိ အစားထိုးသတို့သမီး လုပ်မိခဲ့တာလား။
"အစ်ကိုကျူ၊ သူ့ကို ဘယ်သူပြန်ပေးဆွဲခဲ့တာလဲ သိလား"
"ငါလည်းမသေချာဘူး" ကျူမင် ခေါင်းယမ်းလိုက်တယ်။
"ငါ သူ့ကိုရှာတွေ့ချိန် အနားမှာ အင်းကွက်ပဲရှိတာ"
ပြောရရင်တော့ ဒီလူ့ကို ဘယ်မှာရှာရမလဲဆိုတာ သူတို့မသိဘူးပေါ့။ ဖုန့်စန်းက ကျူမင်ကိုကျေးဇူးတင်ပြီး မှန်ကိုသိမ်းလိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်