အခန်း ၂၉၉ ။ စားဖိုမှူးပြန်သွား
ကူယွဲ့က ငုံ့ကြည့်လိုက်တော့ စားဖိုမှူးကိုယ်ပေါ်မှာ မမြင်ရတဲ့ တစ်စုံတစ်ရာက လှီးဖြတ်နေသလိုမျိုး စတင်ပေါ်ပေါက်လာတယ်။ နီရဲရဲသွေးတွေက ဒဏ်ရာကနေ စီးကျလာပြီး ရှန်းရင်ရဲ့ အပေါ်အင်္ကျီကိုပါ အရောင်ဆိုးပစ်လေတယ်။ ကူယွဲ့က စားဖိုမှူးရဲ့ အခြေအနေကို အရင်ကမြင်ဖူးတယ်။ ဒီမျက်နှာပြင်ရဲ့ အခြေအနေတွေအရ သူ့မှာ ပြန်လည်သက်သာဖို့ မျှော်လင့်ချက်မရှိဘူး။
"ငါ သူ့အတွက် ခန္ဓာအသစ်လုပ်ပေးမယ်"
ဒါက ကိုယ်ခန္ဓာသက်သက်ပဲ။ သူ့အစွမ်းနဲ့ဆို အသစ်ဖန်တီးဖို့ခက်မှာ မဟုတ်ဘူး။
"ဟင့်အင်း" ရှန်းရင်က သူ့ကိုတားတယ်။
"ဘာလို့လဲ"
"သူ့မှာ ဒီခန္ဓာကိုယ်ပေါ် လက်ထောက်စည်းတံဆိပ် ရှိနေပြီ" ရှန်းရင်က သင်္ကေတကို ဝိုင်းနေတဲ့ စာလုံးနက်ကြီးတွေကို လှမ်းကြည့်လိုက်တယ်။
"တကယ်လို့ သူ့ကိုယ်ပိုင်မဟုတ်တဲ့ခန္ဓာထဲမှာဆို စည်းချိပ်က ငြင်းပယ်ခံရလိမ့်မယ်"
ပြီးတော့ ဒီစည်းချိပ်က ပြန်ရုပ်သိမ်းလို့မရဘူး။
"ငြင်းပယ်ခံရမယ်လား" ကူယွဲ့က တန့်သွားတယ်။ ခန္ဓာကိုယ်က ငြင်းပယ်မှု... ဆိုလိုတာက...။
"သူက မျောလွင့်လိုဖြစ်လာမှာလား"
"အင်း"
ချီး... ရှန်းကျင်းက သူ့မှာလက်ထောက်နှစ်ယောက်ပဲ ထားလို့ရပြီး အလုပ်ဖြုတ်မရဘူးလို့ အရင်က ပြောခဲ့တယ်။ တခြားနည်းနဲ့ ပြောရရင်တော့ ရှန်းရင်က ယိချင်းကိုယ်ပေါ်က စည်းချိပ်ကို ပြန်မရုပ်သိမ်းနိုင်ဘူး။
"ဒါဆို ဘယ်လိုလုပ်ရမလဲ"
"တကယ်တော့ ဒါကိုဖြေရှင်းဖို့ တခြားနည်းတစ်နည်း ရှိတယ်" မိစ္ဆာနတ်ဘုရားက လက်မြှောက်ကာ ပြောတယ်။
"ပြော တခြားနည်းကဘာလဲ"
"သူ့ကိုယ်ခန္ဓာပဲ ဒဏ်ရာရထားတာလေ၊ သူ သေမျိုးကမ္ဘာဆီ ပြန်သွားပြီး ခန္ဓာကိုယ် လဲလိုက်မယ်ဆို ပြန်အဆင်ပြေသွားလိမ့်မယ်"
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်