အခန်း ၂၇၅ ။ လိမ်လည်မှု
ကူယွဲ့ ရပ်သွားပြီး ရှန်းရင်ကို ကြည့်လိုက် ခုပိုပြီးစပ်ဖြီးဖြီးလုပ်နေတဲ့ ရွှမ်ထုံ့ကို လှည့်ကြည့်လိုက် ဖြစ်နေတယ်။ သောက်ကျိုးနည်း ဘာတွေလဲ။
"ဂျပုလေးလို့ ခေါ်ခံရတာ နေသားကျနေပြီကို" ရွှမ်ထုံက ရှန်းရင်ဆီ သွက်လက်စွာနဲ့ လျှောက်လာရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးတယ်။
"ဂိုဏ်းချုပ်က တကယ်ကို ဉာဏ်ကောင်းတာပဲ၊ ဘယ်တုန်းက သိခဲ့တာလဲ၊ ကျွန်မတောင် ကိုယ့်မှတ်ဉာဏ်ကို ချိပ်ပိတ်ပြီး အကြွင်းအကျန်ဝိညာဉ်ကို လက်လျှော့ထားတာ"
"အင်း..." ရှန်းရင်က တစ်ခဏတာ အတော်လေး လေးလေးနက်နက် စဉ်းစားနေတယ်။
"မိစ္ဆာနတ်ဘုရားက ငါတို့ကို နင့်ကိုရှာခိုင်းတည်းက"
မုန့်ပေါ်ရဲ့ နှုတ်ခမ်းထောင့်ဖျားက တွန့်ချိုးသွားပြီး အပြုံးက ဖျော့တော့သွားတယ်။
"ဒါဆို အစတည်းက သိခဲ့တာလား၊ ဂိုဏ်းချုပ် ရှင် ကျွန်မအတွက် သိက္ခာလေး နည်းနည်း ချန်ထားပေးလို့ရမလား၊ ကျွန်မ စိတ်ကျေနပ်ဖို့အတွက်ပဲ တခြားအချိန်လေး ဘာလို့မပြောပေးတာလဲ"
"အိုး" ရှန်းရင်က ခေါင်းညိတ်ပြီး ဆက်ပြောတယ်။
"ဒါဆို ငါနင့်ကို ပထမဆုံးမြင်ချိန် နင့်ဝိညာဉ်က နည်းနည်း ကွဲပြားနေတယ်ဆိုတာ နားလည်သွားတည်းကပဲ"
"..." အဲဒါ စောလွန်းမနေဘူးလား။
-_-|||
"ခဏ" ကူယွဲ့ တစ်ဖက်လှည့်ကာ သူတို့စကားဝိုင်းကို ကြားဖြတ်ပြောလိုက်တယ်
"ရှန်းရင် ဂျပုလေးက... သူက မုန့်ပေါ်ပေါ့၊ မင်း အစတည်းက သောက်ကျိုးနည်း သိခဲ့ပြီးသားကို ငါ့ကို ပြောပြဖို့တောင် ဘာလို့မတွေးခဲ့တာလဲ"
"နင်သိတယ် ထင်နေတာလေ" ရှန်းရင် သူမခေါင်းကို စောင်းလိုက်တယ်။
"ငါ့ဖင်ကိုသိ" သူမ တစ်ခွန်းမှမပြောဘဲ သူက ဘယ်လိုလုပ်သိမှာတုံး။
"ဘာတွေဖြစ်နေတာတုံး၊ သူက ချန်ကောကိုယ်တိုင် သူ့ကိုယ်ထဲကနေ ဖယ်ထုတ်ထားတဲ့ စိတ်နတ်ဆိုးမဟုတ်ဘူးလား"
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်