အခန်း ၂၅၅ ။ မူလဝိညာဉ်ဆုံးရှုံး
ကူယွဲ့ တစ်စုံတစ်ရာကို မှတ်မိသွားဟန် မျက်မှောင်ကြုတ်လိုက်တယ်။ သူအမြန် သူ့ဘေးကလူဘက် လှည့်လိုက်တယ်။
"ယိချင်း၊ သူမဝိညာဉ်ကိုစစ်ကြည့်စမ်း"
ယိချင်း ခေါင်းညိတ်ပြီး ဒူးထောက်ကာ သူ့ကောင်းကင်စွမ်းအင်တချို့ကို အသက်သွင်းပြီး အမျိုးသမီးရဲ့ နဖူးအလယ်ဆီ ကူးပြောင်းလိုက်တယ်။ တစ်အောင့်ကြာတော့ သူ မျက်လုံးပြူးသွားခဲ့တယ်။
"သူ့... သူ့မှာ မူလဝိညာဉ်မရှိဘူး"
တကယ်ပဲ
ကူယွဲ့ အမူအရာမည်းမှောင်သွားတယ်။ မူလဝိညာဉ်ဆိုတာ လူတစ်ယောက်ဝိညာဉ်ရဲ့ အရေးကြီးဆုံးအပိုင်းပဲ။ မူလဝိညာဉ် မရှိတဲ့လူတစ်ယောက်ဟာ အသိစိတ်မရှိဘူး။ သူ့ရဲ့ ကာယအင်အားကိုပဲ အသုံးချရမှာ။ လေလွင့်ဝိညာဉ်နဲ့ မခြားနားဘူး။ ဒါပေမဲ့ သူမက ဘာလို့ သူတို့ကို တိုက်ခိုက်တာလဲ။ ပြီးတော့ သူမက အမတဝိညာဉ်တွေကို ပစ်မှတ်ထားနေတာသိသာတယ်။
"မင်းတို့အားလုံးဒီမှာကိုး၊ မင်းတို့ကို ခြေရာခံရတာ လွယ်သားပဲ"
ကူယွဲ့ စဉ်းစားနေတုန်း ရင်းနှီးနေတဲ့အသံတစ်သံကြားလိုက်ရတယ်။ အမျိုးသမီးလောက် အရပ်ရှည်ပြီး ဝတ်ရုံအနက်ဝတ်ထားတဲ့လူတစ်ယောက် သူတို့ရှေ့ဆင်းသက်လာတယ်။
"ခင်ဗျားက တစ္ဆေအမတကျူမင်ပဲ" ကူယွဲ့ ဖုန့်စန်းမှန်ထဲကလူကို မှတ်မိသွားခဲ့တယ်။
"မင်း ကျုပ်ကို မှတ်မိတယ်လား" သူက သံသယနဲ့ခေါင်းညိတ်လိုက်တယ်။ သူလည်း အမျိုးသမီးလို သွေးယိုနေတဲ့ မျက်လုံးတွေရှိပေမဲ့ ရူးနေတဲ့ပုံတော့မပေါ်။ အဲအစား သူက အတော်လေးတည်ငြိမ်တယ်။ သူက လက်သီးတွေဆုပ်ကာ ဂါဝရပြုလာတယ်။
"ကျုပ်က ကျူမင်ပါ၊ နှုတ်ခွန်းဆက်ပါတယ် တာအိုရောင်းရင်းတို့၊ ကျုပ်မိတ်ဆွေဟောင်း ဖုန့်စန်းက မင်းတို့ လူတစ်ယောက်ကို ရှာဖို့ ကောင်းကင်မြေအောက်ဘုံဆီ ဝင်လာတယ်လို့ပြောတယ်လေ၊ သူက ကျုပ်ကို အကူအညီကမ်းလှမ်းဖို့ ပြောတယ်"
ဆိုတော့ အဲစိတ်ရှုပ်စရာစုံတွဲက သူ့ကိုဒီပို့လိုက်တာပေါ့။ ကူယွဲ့ စိတ်အေးပြီး သက်ပြင်းချလိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်