အခန်း ၂၆၇ ။ ရူးနှမ်းနေသောဖုန်းညာန်

534 85 0
                                    

အခန်း ၂၆၇ ။ ရူးနှမ်းနေသောဖုန်းညာန်

"ညီနောင်ဖုန့် ငါမင်းအကူအညီကို အရေးတကြီးလိုတဲ့ကိစ္စရှိတယ်" လေထဲအလိုလိုပေါ်လာသူက ကျူမင်။ သူက သွေးပျက်နေတဲ့ အမူအရာနဲ့ ဖုန့်စန်းကို ကြည့်နေတယ်။

"ညီနောင်ကျူ၊ ဒါက..." ဖုန့်စန်း အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ သူ ကျူမင်ကို ဒီလိုပုံစံနဲ့ ရုတ်တရက် ပေါ်လာမယ်ကို မထင်ထားတာ။ နေရာရွှေ့ပြောင်းမှုက လူတစ်ယောက်ကို တစ်စက္ကန့်အတွင်း မိုင်သောင်းချီသွားလာလို့ရအောင် လုပ်ပေးပေမဲ့ စွမ်းအင်အများကြီး လိုအပ်တယ်။ သေရေးရှင်ရေးကိစ္စမဟုတ်သရွေ့ တစ္ဆေအမတတွေက နေရာရွှေ့ပြောင်းမှာမဟုတ်ဘူး။

ကျူမင် သိသိသာသာ အင်မတန်စိတ်ရှုပ်ထွေးနေတယ်။

"ညီနောင်ဖုန့်၊ အရင်က ကောင်းကင်မြေအောက်ဆီ လာခဲ့တဲ့လူသုံးယောက် ဘယ်မှာ..." သူက ဘေးက ရှန်းရင်ကို မြင်ချိန် စကားရပ်သွားတယ်။ သူ့မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်း လက်သီးဆုပ် ဂါရ၀ပြုလိုက်တယ်။

"ကောင်းလိုက်တာ၊ အားလုံးဒီမှာရှိနေသေးတာပဲ၊ ဖုန်းညာန်... ဖုန်းညာန် ဒုက္ခရောက်နေပြီ"

"သူ ဘာဖြစ်တာလဲ" ကူယွဲ့ ထိတ်လန့်တကြား လျှောက်လာခဲ့တယ်။

"ကျုပ်လည်း သူဘာဖြစ်တာမှန်း မသိဘူး၊ သူ့ဝိညာဉ်က ရုတ်တရက် အတော်လေး မတည်မငြိမ် ဖြစ်လာတာ" ကျူမင် စိတ်ရှုပ်ထွေးစွာ ပြောလိုက်တယ်။ သူက အခန်းကို ဝေ့ဝဲကြည့်ပြီး ရှန်းရင်ပေါ် အကြည့်ရောက်သွားခဲ့တယ်။

"ဒီကြီးမြတ်တဲ့နတ်ဒေဝါကို ကျုပ်နဲ့အတူလိုက်ခဲ့ပြီး ဖုန်းညာန်ကို ကယ်တင်ပေးဖို့ တောင်းဆိုလို့ ရနိုင်မလား"

သူမ အရင်က အင်းကွက်ကိုဖျက်ဆီးချိန် သူ လေ့လာစောင့်ကြည့်နေခဲ့တာ။ မျိုးရိုးနာမည်ရှန်းနဲ့ ဒီကြီးမြတ်တဲ့နတ်သမီးက မြင်ရတာထက် ပိုပြီးမြင့်တဲ့ကျင့်ကြံဆင့်ရှိတယ်။ တကယ်လို့ တစ်ယောက်ယောက်သာ ဖုန်းညာန်ကို ကယ်တင်နိုင်ရင် ဒါသူတို့ပဲ။ သူ့မှာ ရွေးစရာမရှိတော့ဘဲ သူတို့ကို ဒီနေရာလာရှာခဲ့ရတာ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now