အခန်း ၃၂၇ ။ တစ်ကြိမ်အသုံးပြုခြင်း

382 82 5
                                    

အခန်း ၃၂၇ ။ တစ်ကြိမ်အသုံးပြုခြင်း

ဆန်းကြယ်ဘုံဆီ သွားတဲ့ ဒီခရီးက အချည်းနှီးတော့မဖြစ်။ သူတို့တွေ အရင်ဘယ်တုန်းကမဆိုထက် ပိုပြီးဖြစ်မြောက်ခဲ့တယ်။ သူတို့ အောင်မြင်မှုတွေက ဝိညာဉ်ဆေးပင်တွေနဲ့ အရင်းအမြစ်တွေပဲ ရခဲ့တဲ့တခြားဂိုဏ်းတွေနဲ့တော့ ကွဲပြားတာပေါ့။ သူတို့ဂိုဏ်းတပည့်တွေ ပြန်ယူလာတာက... မိစ္ဆာဆေးလုံးအပုံလိုက်ကြီး။

လော့ဟုန်က တပည့်တွေ ပြန်ယူလာတဲ့ မိစ္ဆာဆေးလုံးတောင်ပုံကြီးကို ကြည့်ကာ နှုတ်ခမ်းတွေ စေ့လိုက်တယ်။ သူ့တပည့်တွေက ဆန်းကြယ်ဘုံထဲက မိစ္ဆာနယ်ပယ်တွေအားလုံးကို ရှင်းလင်းပစ်လာသလိုပဲ။ ဆေးလုံးတွေကြား အန္တရာယ်ရှိတဲ့ အရှိန်အဝါတွေ ပုန်းအောင်းမနေတာကို စစ်ဆေးပြီးမှ သူက လက်ကို ‌ယမ်းကာ တပည့်တွေကို ဆေးလုံးတွေ ယူသွားစေလိုက်တယ်။

ယိချင်းက တကယ့်ကို ဆရာသခင်ရဲ့ တပည့်ပဲ။ သူက အဖွဲ့ကို မိစ္ဆာဆေးလုံးတွေတစ်ပုံကြီး ရလာအောင် ဦးဆောင်ခဲ့ပြီး နှစ်ပေါင်းများစွာ တပည့်တွေ ဝင်သွားပြီးတဲ့နောက်ရလာခဲ့သမျှထက် အများကြီး ပိုများပြားစွာ ပြန်ယူလာခဲ့တယ်။ ယိချင်းပြန်ယူလာခဲ့တဲ့ဟာက ရင့်ကျက်တဲ့တပည့်လော့ထောင်ထက် ပမာဏဆယ်ဆပိုများတယ်။

လော့ထောင်က ဒါနဲ့ပတ်သက်ပြီး သိသိသာသာ စိတ်ဆိုးနေတာ အသိသာကြီး။ သူက မိစ္ဆာဆေးလုံးတွေကို ယူဖို့ သူ့ဆရာဦးလေးငယ်နောက် လိုက်ချင်ပေမဲ့ သူ့အဖေက သူ့ကို နောက်တစ်ဖွဲ့ ဦးဆောင်ခိုင်းခဲ့တယ် သူတို့တွေ ဒီတစ်ကြိမ် မိစ္ဆာဆေးလုံးတွေအတော်များများ ပြန်ယူလာတာမို့ လော့ထောင်က ပထမသူရဲကောင်း မဟုတ်တော့ဘဲ ဒုတိယပဲဖြစ်သွားတယ်။

လော့ထောင် မချင့်မရဲဖြစ်မိတယ်။ သူ့ကိုပိုပြီးတော့ စိတ်ခံစားချက်မကောင်းစေတာက ဆရာဦးလေးငယ်နောက်လိုက်တဲ့ တပည့်တွေ ပြန်ရောက်လာပြီးတဲ့နောက် သူတို့တွေ တိုးတက်လာတာကို သတိထားမိတာပဲ။ ကျင့်ကြံဆင့်မတိုးခဲ့တဲ့သူတွေတောင် သူတို့ရဲ့ဓားသိုင်းတွေမှာတော့ တိုးတက်လာတယ်။ ဆရာဦးလေးငယ်ရဲ့ အမြုတေကလည်း ရင့်မှည့်လာပြီ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now