အခန်း ၃၄၀ ။ ဘဝရေပန်း

346 76 1
                                    

အခန်း ၃၄၀ ။ ဘဝရေပန်း

အမှန်တကယ်ပဲ နောက်အခိုက်အတန့်မှာ ဗိုက်ပူပူနဂါးကြီးက တောင်ပံတွေကိုခတ်ပြီး သူတို့နှစ်ယောက်ဆီ လေပြင်းကြီး မှုတ်ထုတ်တယ်။

ကူယွဲ့စိတ် လုံးဝတည်ငြိမ်သွားပြီ။ သူ နတ်ကောင်းကင်ဂိုဏ်းရဲ့ သင်ကြားမှုစံနှုန်းကိုတောင် ခဏလောက် သံသယ ဝင်မိခဲ့တယ်။ ဒီငတုံးလေးကို ဒီကမ္ဘာရဲ့ မိစ္ဆာအဆင့်တွေအကြောင်း ဘယ်သူမှ မပြောပြဖူးဘူးလား။

"စားဖိုမှူး" ကူယွဲ့ သူ့ဘေးကလူပခုံးကို ပုတ်လိုက်တယ်။

"နဂါးအစစ်ဆိုတာ ဘယ်လိုမျိုးလဲ သူ့ကိုပြလိုက်"

စားဖိုမှူးနှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ သူက သူ့ဓားကိုရုတ်ကာ သူတို့အပေါ်က နဂါးဆီ ပျံသန်းသွားခဲ့တယ်။ အလင်းတန်းဖြူက သူ့တစ်ကိုယ်လုံးမှာ တောက်ပနေပြီး နောက်အခိုက်အတန့်မှာတော့ ရွှေရောင်အလင်းတွေ လင်းထိန်သွားကာ ရွှေနဂါးကြီးတစ်ကောင် ကောင်းကင်ထဲ ချက်ချင်းပေါ်လာတယ်။ သူက ချက်ချင်း ကောင်းကင်ထဲ ပျံတက်သွားခဲ့တယ်။

သူတို့တွေ နဂါးဟိန်းသံကြီး ကြားလိုက်ရပြီး ချက်ချင်း မိုးရွာတော့မလိုမျိုး လျှပ်စီးတွေ အများကြီးလက်လာတယ်။ အားလုံးက အဲမိစ္ဆာသားရဲလေးပေါ် ကျကုန်တယ်။ လေထုကရုတ်တရက် အသားကင်အနံ့နဲ့ ပြည့်သွားလေရဲ့။

စားဖိုမှူးက လေထဲလှည့်လိုက်တော့ သူ့အမြီးက လောင်ကျွမ်းသွားတဲ့ သားရဲလေးကို လှည်းထုတ်ပစ်လိုက်လေတယ်။

စောနစောနလေးကတင် ဟိန်းဟောက်နေတဲ့ မိစ္ဆာလေးက မြေကြီးပေါ်ကို ဘောလုံးတစ်လုံးလို ဘန်းခနဲ ပြုတ်ကျသွားလေရဲ့။ စားဖိုမှူးရဲ့ ခန္ဓာကိုယ်က အရောင်လက်သွားပြီး လူအသွင် ပြန်ပြောင်းသွားတယ်။ သူက မြေကြီးပေါ် ပြုတ်ကျချိန် တွင်းထဲရောက်သွားတဲ့ သားရဲလေးကို ကြည့်ပြီး... တိတ်တဆိတ် မီးဖိုချောင်သုံးဓား ထုတ်လိုက်တော့တယ်။

အင်း... ဆရာ ဒီအသားကို မြည်းစမ်းဖူးမယ်မထင်ဘူး။

နည်းနည်းသိမ်းထားရမယ်။ နည်းနည်း သိမ်းထားရမယ်

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now