အခန်း ၃၅၆ ။ လျှို့ဝှက်ကမ္ဘာ

353 65 0
                                    

အခန်း ၃၅၆ ။ လျှို့ဝှက်ကမ္ဘာ

ကူယွဲ့ အံ့အားမှင်တက်သွားပေမဲ့ သူ့ဘေးက ယိချင်းက နားလည်ဟန် ခေါင်းညိတ်တယ်။

"ဆရာပြောတာ မှန်တယ်၊ ဒီလောက်များတဲ့ အင်းကွက်တွေကို တစ်ပြိုင်နက်တည်း ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး၊ အင်းကွက်တွေကို ချတဲ့သူပဲ  အချိန်မရွေး ပြန်ယူနိုင်တာ" ဆိုလိုတာက အင်းကွက်တွေချခဲ့သူက တစ်ချိန်တည်းမှာ အက်ကြောင်းတွေအများကြီး ပေါ်လာစေခဲ့တာပေါ့။

"အင်းကွက်ချသူလား" သူစိတ်လေးသွားခဲ့တယ်။  အဲအစုတ်ပလုတ် မိစ္ဆာနတ်ဘုရားတော့ မဟုတ်ဘူးမလား။ 

ဒါပေမဲ့ သေသေချာချာ တွေးကြည့်တော့ မဖြစ်နိုင်ဘူးလို့ထင်တာပဲ။ ယိချင်းရော သူကိုယ်တိုင်ရော မိစ္ဆာနတ်ဘုရားကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြတာ အပျော်သက်သက် မဟုတ်ဘူး။ သူတို့က သူ့ အရှိန်အဝါနဲ့ အရင်းနှီးဆုံးပဲ။ အဲဒီ အင်းကွက်တွေပေါ်က ထူးခြားတဲ့မသေမျိုးချီတွေက သူ့ဟာ မဖြစ်နိုင်ဘူး။ ပြီးတော့ သူက ရှန်းရင်ကို ဒီနေရာဆီ ခေါ်ဆောင်ဖို့ ကြံစည်ခဲ့တဲ့ ရှေးဟောင်းဖန်ဆင်းခြင်းနတ်ဘုရားလေ။ ဒီလိုမျိုး သူ့ကိုယ်သူ ဒုက္ခရောက်အောင် ဘယ်လိုလုပ်လုပ်မှာလဲ။

ကူယွဲ့ ခေါင်းထဲ ခေတ်ဟောင်းဒရာမာဇာတ်လမ်းတွေ ရုတ်တရက် ပြည့်နှက်သွားတယ်။ အဲအင်းကွက်တွေချသူက မိစ္ဆာနတ်ဘုရား မဟုတ်ပေမဲ့  မိစ္ဆာနတ်ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိရမယ်။ ဆိုလိုချင်တာက ရှန်းရင် ဒီမျက်နှာပြင်ကို မအုပ်ချုပ်ခင်  မိစ္ဆာနတ်ဘုရားက အဲဒီလူကို အဲဒီမျက်နှာပြင်အက်ကြောင်းအားလုံးကို ယာယီပိတ်ထားစေခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ သူတို့ကို သတိမပေးဘဲ အင်းကွက်တွေကို ပြန်သိမ်းသွားခဲ့တယ်။ သူ... မိစ္ဆာနတ်ဘုရားကို ရန်လိုမှုအဖြစ် အသွင်ပြောင်းသွားခဲ့တာ မဟုတ်နိုင်ဘူးလား။

ဒါ့အပြင် အဲအက်ကွဲကြောင်း အရေအတွက်ကို ကြည့်ရင် ဒီမျက်နှာပြင်က ဆန်ခါလိုမျိုး ဟောင်းနွမ်းစုတ်ပဲ့နေတာကြာပြီ။ အနာဂတ်မှာ ပြဿနာတွေ ဘယ်လောက်များမယ်ဆိုတာ တွေးကြည့်လို့တောင် မရဘူး။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now