အခန်း ၂၅၀ ။ မိဘနှစ်ပါးလုံးပေါ်လာ

647 109 1
                                    

အခန်း ၂၅၀ ။ မိဘနှစ်ပါးလုံးပေါ်လာ

ယိချင်းက မျက်မှောင်ကြုတ်ပြီး သူ့ကိုအေးစက်စက်ကြည့်လိုက်တယ်။

"မြေအောက်ဘုံရဲ့ယင်မြစ်" ထွက်သွားစမ်း ကောင်စုတ်လေး

"ယင်မြစ်လား" ကျောင်းလုံတန့်သွားတယ်။

"ဘာလုပ်ဖို့သွားမှာလဲ၊ ဘယ်တုန်းတည်းက ဆုံးဖြတ်လိုက်တာလဲ၊ ငါ ဘာလို့ဘာမှမသိရတာလဲ"

"ကျုပ်တို့က အဲလောက်မှမရင်းနှီးတာ"

မ... ရင်းနှီးဘူးလား

ကျောင်းလုံက ရင်ထဲ စူးရှသွားတယ်။ မျက်လုံးထဲ မျက်ရည်တွေနဲ့ ရှန်းရင်ကို လှည့်ကြည့်တယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ..." ကျွန်တော်က ခင်ဗျားရဲ့ ချစ်စရာလေးလို့ မပြောခဲ့ဘူးလား။

"ငါတို့ဂျပုလေးကို သွားရှာမို့" ရှန်းရင်ရှင်းပြလိုက်တယ်။

"ဂျပုလေးလား" အဲဒါဘယ်သူလဲ။ ကျောင်းလုံက သူမကို စက္ကန့်အနည်းငယ် အူကြောင်ကြောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတော့ ပြန်သတိရသွားခဲ့တယ်။ အဲဒါ ကြီးမြတ်တဲ့နတ်ဒေဝါ အရင်က ရှာနေခဲ့တဲ့လူသုံးယောက်ထဲက တစ်ယောက်မဟုတ်လား။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ သူဘယ်မှာလဲသိတာလား"

"အေး" ရှန်းရင် ဖြေပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဥထဲက ယင်ချီက သူတို့ ဂျပုလေးခန်းထဲက ပန်းထဲမှာ ခံစားခဲ့ရတဲ့ တစ်ခုနဲ့ဆင်တယ်။

"မြေအောက်ဘုံမှာလား" ကျောင်းလုံကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံ။ သူက ယိချင်းအငယ်လေးကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။

"ဒါပေမဲ့... ဒါပေမဲ့... လုံကျန်းက ပြန်မလာသေးဘူးလေ"

"ကျုပ် သူ့ကို သတင်းစကားပို့လိုက်မယ်"

"ဒါပေမဲ့..."

ကျောင်းလုံ တစ်ခုခုပြောဖို့ရှိသေး အစေခံမိန်းကလေးတစ်ယောက်က ယိချင်းဆီ ရုတ်တရက် ပြေးဝင်လာကာ ဂါဝရပြုလေတယ်။ သူမမျက်နှာက စိုးရိမ်နေတဲ့ပုံ။

"သခင်လေး၊ ကျွန်မမှာ သတင်းဆိုးရှိပါတယ် ရှန်းကျွင်းက သခင်လေးအတွက် လက်စားချေဖို့ ဝူချီတောင်ဆီ တစ်ယောက်တည်း မြင်းစီးပြီး ထွက်သွားပါတယ်"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now