အခန်း ၂၆၂ ။ ပင်လယ်သတ္တဝါဘူဖေး

545 100 3
                                    

အခန်း ၂၆၂ ။ ပင်လယ်သတ္တဝါဘူဖေး

"အဲဒီချန်းယွဲ့က ဘာလို့ ငါနဲ့တစ်ပုံစံတည်းတူနေတာလဲတော့ ငါလည်းမသိဘူး" တိုက်ဆိုင်တာများလား။ ကူယွဲ့က တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။

"ရှန်းရင်... မင်းမထင်..."

သူ စကားစပြောရုံရှိသေး ပိုင်ဇယ်က ရုတ်တရက် သူတို့ဘေး ပေါ်လာတယ်။ သူက ရှန်းရင်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်တယ်။

"ရှန်း... ရင်၊ ကျုပ်နဲ့လိုက်ခဲ့ပါ"

"ဘာကိစ္စလဲ" ရှန်းရင် စားပွဲကနေ လှုပ်ချင်စိတ်မရှိ။

"ဂျပုလေးတစ်ခုခု ဖြစ်နေတာတော့ မဟုတ်ဘူးမလား" ကူယွဲ့ထခုန်လိုက်တယ်။ ဂျပုလေးက ‌ဝိညာဉ်စမ်းချောင်းမှာ အနားယူနေတာ ၃ရက်ရှိနေပြီ။ သတင်းမသိရသေးဘူး။

"ဟင့်အင်း သူ အရမ်းအဆင်ပြေနေတယ်၊ နောက်နေ့လောက်ဆို ထွက်လာလို့ရလောက်ပြီ" သူက ကူယွဲ့ဘက်လှည့်တာနဲ့ စကားကို ရှင်းရှင်းလင်းလင်း ပြောတယ်။

"ရှန်း... ရင်ကို ခေါ်သွားချင်တဲ့ နေရာတစ်ခုရှိရုံပဲ"

"မသွားဘူး" ရှန်းရင်က သူ့ကိုငြင်းလိုက်တယ်။ လှုပ်ရှားရမဲ့ကိစ္စမျိုးတွေ သူမစိတ်မဝင်စားဘူး။

"..." ပိုင်ဇယ်က သူမကို အသည်းအသန်စိုက်ကြည့်တယ်။ သူက တစ်စုံတစ်ရာတွေးမိပြီး သိုလှောင်အိတ်တစ်လုံးထုတ်ကာ သူမကို ကမ်းပေးလိုက်တယ်။

"ပေးတာ"

"ဘာလဲ" ရှန်းရင် ယူလိုက်တယ်။ သူမ ဆွဲဖွင့်လိုက်တော့ တစ်စုံတစ်ရာ လျှောထွက်လာတယ်။ အဲဒါက ရှည်လျား၊ ချောမွေ့ပြီး ပိန်သွယ်တဲ့ခန္ဓာကိုယ်နဲ့။ သူက ဗွမ်းခနဲ ကြမ်းပြင်ပေါ်ကျသွားပြီး တွန့်လိမ်နေဆဲ။

သောက်ကျိုးနည်းဟ။

"ဒါ... ရေဘဝဲ မဟုတ်လား" ကူယွဲ့ ယပ်တောင်နဲ့ စားပွဲပေါ်ကခြေထောက်ကို ထိုးဆွကြည့်လိုက်တယ်။

"ခြေတစ်ထောင်သားရဲလေ" ပိုင်ဇယ်က ရှန်းရင်ကိုကြည့်ပြီး မျက်နှာရဲတွတ်နေတော့တာပဲ။

"ငါစားလို့ရလား"

ပိုင်ဇယ်အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now