အခန်း ၃၅၂ ။ မျက်နှာပြင်အပေါက်

364 67 1
                                    

အခန်း ၃၅၂ ။ မျက်နှာပြင်အပေါက်

ယိချင်းကလည်း တုံ့ပြန်ပြီး လက်ထဲကဓားသိုင်းအပြောင်းအလဲနဲ့အတူ အပြာရောင် နတ်ဘုရားစွမ်းအင် ခပ်ဖျော့ဖျော့က သူ့အမတဓားဆီ ရောက်လာတယ်။

သူ ဓားဆန္ဒကို တန်းထုတ်လွှင့်ကာ အပြာရောင်တောက်နေတဲ့ နဂါးကြီးတစ်ကောင် ဖန်တီးလိုက်တယ်။ လက်တစ်ဖက်ယမ်းလိုက်တော့ နဂါးက အလွှာအထပ်ထပ်နဲ့ အင်းကွက်ဆီ တန်းသွားတော့တာပဲ။

ခိုက်မိသံတွေနဲ့ နောက်အခိုက်အတန့်မှာ အင်းကွက်က ချက်ချင်းကျိုးပဲ့သွားခဲ့တယ်။ အလင်းတိုင်တောင် စောနကထက်အများကြီးလျော့နည်းတဲ့အလင်းဆီ မှောင်ကျသွားခဲ့တယ်။

"အလုပ်ဖြစ်တယ်" ကူယွဲ့ ပျော်ရွှင်သွားပြီး သူ့ကျင့်ကြံဆင့်ကို နတ်ဘုရားအဆင့် တန်းညှိလိုက်ပြီး နတ်ဘုရားစွမ်းအင်နဲ့ ‌ဓားချီကိုထုတ်ကာ နောက်တစ်ကြိမ်တိုက်ခိုက်လိုက်တယ်။ တစ်ခဏအတွင်း အင်းကွက်က ပိုပြီးတောင် အရှိန်မြန်မြန် ကျိုးပဲ့သွားခဲ့တယ်။ မိနစ်ပိုင်းအတွင်း အင်းကွက်ကလုံးဝကို တစ်စစီဖြစ်သွားခဲ့ပြီ။

အလယ်က အလင်းတိုင်က ပျောက်ကွယ်သွားပြီး ပတ်ပတ်လည်ကထူထဲနေတဲ့ မသေမျိုးချီလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။

ကူယွဲ့စိတ်သက်သာရာရသွားတယ်။ သူ တခြားနတ်ဆိုးတွေကို စစ်ကြည့်မို့ရှိသေး ယိချင်းက ရုတ်တရက် ထအော်တယ်။

"မြေကြီးကို ကြည့်ကြည့်"

သူ ငုံ့ကြည့်လိုက်တော့ စောနကတဂ် တိုင်ပျောက်သွားခဲ့တဲ့မြေကြီးက ရုတ်တရက် ‌ငလျင်တစ်ခုလို ဟပြဲကြီးတစ်ခုဖြစ်သွားပြီး အထဲကနေ  အဖြူရောင်အလင်း တောက်ပလာတယ်။ နတ်ဆိုးနန်တော်တစ်ခုလုံး ချက်ချင်း ပြိုကျသွားပေမဲ့ အပေါက်ပြဲကြီးက ပိုလို့တောင် ကျယ်ကျယ်ဟလာကာ နတ်ဆိုးဘုံတစ်ခုလုံးကို ဆွဲဖြဲတော့မလိုမျိုး ပင့်ကူအိမ်ပမာ အရပ်မျက်နှာအားလုံးဆီ ပျံ့သွားခဲ့တယ်။

"ဒါဘာလဲ" ကူယွဲ့ ထိတ်လန့်သွားခဲ့တယ်။ သူ အဲဒီအပေါက်ပြဲကြီးကနေ လာတဲ့ စုပ်ယူမှုစွမ်းအင်ကြီးက မြေကြီးအက်ကွဲတာနဲ့ ဘာမှကိုမတူဘဲ မျက်နှာပြင်က... အပေါက်ပြဲလိုမျိုးလို့ ခံစားရတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now