အခန်း ၂၇၇ ။ အလိုအလျောက်ပြုပြင်မှု

528 96 0
                                    

အခန်း ၂၇၇ ။ အလိုအလျောက်ပြုပြင်မှု

ဗီဒီယိုတစ်ခုက စခရင်ပေါ် သွားနေပြီး ကူယွဲ့က  စင်ပေါ်ရပ်နေတယ်။ သူက ခပ်ဩဩအသံနဲ့ တစ်စုံတစ်ရာကို မိတ်ဆက်နေတယ်။ တစ်ခါတလေ သူ့အသံကမြင့်သွားလိုက် တစ်ခါတလေ သူ့အသံကတိုးသွားလိုက်နဲ့။ နောက်ခံသီချင်းတွေလည်း အမျိုးမျိုးထွက်နေတယ်။

ဒါ... ခပ်ပေါပေါဟာသအသံပြင်ဗီဒီယိုလား။ ဖေဖေနျိုလည်း ဒီလိုဟာတွေကြည့်တယ်ပေါ့

"အတော်လေးတော့ လုပ်ထားတာ ပီပြင်သားပဲ" ရှန်းရင် မှတ်ချက်ပြုလိုက်တယ်

"ငါ့ခြေထောက်ကို ကောင်းကောင်းလုပ် အဲမျက်နှာကိုကြည့်ဟ" သူက ဗီဒီယိုကိုလက်ညှိုးထိုးပြီး သူ့ကိုယ်သူပါ လက်ညှိုးထိုးလိုက်တယ်။

"ငါနဲ့တစ်ပုံစံတည်းပဲ"

"ပြီးတော့ရော"

"ဒါက လွန်ခဲ့တဲ့၂နှစ်ကဟာလေ"  ကူယွဲ့က ဗီဒီယိုခေါင်းစဉ်ကို လက်ညှိုးထိုးပြလိုက်တယ်။

"ဒါက ငါမကူးပြောင်းခင် ငါတို့ဂိမ်းတစ်ခုရဲ့ ဖြန့်ချိပွဲမှာဆိုတာ မှတ်မိတယ်၊ အဲအချိန်တုန်းက ငါမကူးပြောင်းရသေးတော့ ခန္ဓာကိုယ်ကို လေ့ကျင့်တာ မစသေးဘူး၊ ငါ အဲလိုပုံစံ ပေါက်နေသင့်တာ မဟုတ်ဘူးလေ"

သူက ပြောရင်း Baidu ဆီ ပြန်ပြောင်းဖွင့်လိုက်တယ်။

[မှတ်ချက် ။ ။ တရုတ်ရှာဖွေရေးဝက်ဆိုက်]

သူ့အကြောင်း သတင်းတွေကိုထပ်ရှာလိုက်တော့ တစ်ပုံချင်းစီက ကူယွဲ့ရဲ့လက်ရှိပုံစံကိုပဲ ပြသနေတယ်။

"ဒီပုံတွေကို ကြည့်ပါဦး၊ အခု ငါ့ရဲ့ပုံစံနဲ့ တစ်ထပ်တည်းပဲ၊ ငါ ရုံးခန်းဆီလည်း ပြန်သွားပြီးပြီ၊ ငါ အရင်ကနဲ့ မတူဘူးဆိုတာ ဘယ်သူမှမသိဘူး"

"အိုး" ရှန်းရင်က တစ်ခဏစဉ်းစားပြီး မေးလိုက်တယ်။

"မျက်နှာပြင်က သူ့အမှားကို သူ့ဘာသာပြင်သွားတာဖြစ်နိုင်လား" ရှန်းရင်က သူမကီးဘုတ်ကို ဆက်ပြီးနှိပ်နေရင်း ပြောလာတယ်။

"နင်က ဒီကမ္ဘာဆီကလေ၊ မတော်တဆကူးပြောင်းသွားပြီး တရားဝင်လမ်းကြောင်းတွေကနေ ဖြတ်သန်းခဲ့တာ မဟုတ်ဘူး၊ အခုကျ ပြန်ရောက်လာပြီ၊ ကမ္ဘာကြီးက နင့်တည်ရှိမှုကို ယုတ္တ်ရှိအောင် လုပ်ဖို့ ကြိုးစားနေတာနေမှာပေါ့"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now