အခန်း ၃၈၇ ။ နောက်တီးနောက်တောက် တစ္ဆေ

229 43 0
                                    

အခန်း ၃၈၇ ။ နောက်တီးနောက်တောက် တစ္ဆေ

စုန့်ရန်နဲ့ ယွင်ဟန့်က ရှားစောင်းစေးနဲ့မျက်ချေးလိုပဲ။ တိတိကျကျပြောရရင်တော့ စုန့်ရန်က ယွင်ဟန့်ကို သည်းမခံနိုင်ဘူး။ သူတို့တွေ့တိုင်း စုန့်ရန်ရဲ့ တစ္ဆေခန္ဓာကိုယ်တစ်ခုလုံးက စကားနည်းနည်း ပြောပြီးတာနဲ့တင် မသက်မသာဖြစ်လာတာ။ အရင်က ယွင်ဟန့်က တခြားစိတ်တန်ခိုးကျင့်ကြံသူတွေကို စီမံရင်း အလုပ်များနေပြီး အနောက်ဆောင်ကို လာတာနည်းတာမို့ အခြေအနေတွေက ပိုသာခဲ့တယ်။ သူ စလေ့ကျင့်တည်းက  ဒါပေမဲ့ အမြဲရှောင်နေလို့မရဘူးလေ။ သူ့ကျင့်ကြံဆင့်ကမြင့်တာမို့ သေချာပေါက် သူ့အစွမ်းကလည်း တခြားသူတွေနဲ့ကွဲပြားတာပေါ့။ သူက ယိချင်းနဲ့ကူယွဲ့တို့ပဲ ဆွေးနွေးလို့ရတာမို့ ရွေးစရာမရှိဘဲ ခဏခဏ အနောက်ဆောင်ဆီပြေးရတာပေါ့။ အဲဒါနဲ့ သူ စုန့်ရန် မကြာခဏ ဝင်တိုးတော့တာပဲ။

ယွင်ဟန့်က စိတ်ထားကောင်းပေမဲ့ သူ စုန့်ရန်နဲ့ ထိတွေ့တိုင်း ဒေါသထွက်ရတယ်။ တစ်ဖက်မှာတော့ စုန့်ရန်က သူဒေါသထွက်တာကို ကြည့်ရတာ သဘောကျနေတယ်။ ယွင်ဟန့် အနောက်ဆောင်ဆီ မလာရင်တောင် စုန့်ရန်က သူ့ကို‌ဒေါသထွက်အောင် လုပ်ဖို့အတွက်နဲ့သွားရှာတယ်။

အချိန်နဲ့အမျှ စုန့်ရန်က ယွင်ဟန့်က ဓမ္မဝတ်ရုံတွေပေါ်မှာ လျှောက်ရေးခြစ်တယ်။ သူက ယွင်ဟန့် လျှောက်နေကျလမ်းတွေမှာလည်း တွင်းတူးတယ်။ ယွင်ဟန့်အိပ်နေတုန်း သူ့အိပ်ရာခေါင်းရင်းကို ချိုးတယ်။ ယွင်ဟန့်အိမ်သာထဲမှာရှိတုန်း တစ်ရှူးတွေကိုလည်း ယူသွားပစ်တယ်။ ဒီကိစ္စတွေက ကြီးကြီးမားမား မဟုတ်ပေမဲ့ လူတိုင်းကို ရူးစေတယ်။ ဂိုဏ်းက စုန့်ရန်‌ဆီ ဦးတည်တဲ့ တပည့်တွေရဲ့ ဒေါသတကြီး အော်သံတွေ ခဏခဏအပ်ခိုးထပ်နေတယ်။

ဒါပေမဲ့ စုန့်ရန်ကတော့ ပျော်နေလေရဲ့။ ယွင်ဟန့် ဒုက္ခခံစားရတာမြင်တိုင်း သူစိတ်သက်သာရာရတယ်။

"စကားမစပ်..." ရှန်းရင် မနေနိုင်တော့ဘူး။

"နင် မီးသီးကို ဘယ်လောက်မုန်းနေတာလဲ"

"ကျွန်တော် သူ့ကိုမမုန်းပါဘူး" စုန့်ရန်က အပြစ်ကင်းစွာ မျက်တောင်ခတ်ပြီး လေးနက်တဲ့လေသံနဲ့ ပြောတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now