အခန်း ၂၃၂ ။ အစ်မကြီး၏ ထိတ်လန့်ဖွယ်

604 89 4
                                    

အခန်း ၂၃၂ ။ အစ်မကြီး၏ ထိတ်လန့်ဖွယ်

ရှန်းရင်လက်က စာရွက်ပေါ်က စာလုံးတွေကိုဖတ်ရင်း တုန်ရီနေတယ်။ သူမ စာရွက်ကို ဘေးပစ်ထုတ်မိတာကနေ ကိုယ့်ကိုယ်ကိုယ်တားဖို့ စိတ်ဆန္ဒက တစ်စပြီးတစ်စ ပျောက်ဆုံးလာလေရဲ့။ သူမ အူကြောင်ကြောင်စိုက်ကြည့်နေမိပြီး မျက်နှာက နီလိုက်၊ ဖျော့တော့လိုက်၊ စိမ်းဖန့်ဖန့်ဖြစ်လိုက်နဲ့ နောက်တော့ ခရမ်းရောင် သမ်းသွားတယ်။ စက္ကန့်နည်းနည်းလေးတည်းနဲ့ သူမရဲ့ ကြာရှည်လှတဲ့မျက်နှာကြောသေမှုက လုံးဝပျောက်ကင်းသွားတော့တယ်။

"ရှန်းရင်" သူမ မလှုပ်မယှက်ရပ်နေလို့ ကူယွဲ့က တံတောင်နဲ့ တွတ်လိုက်တယ်။

"ဘာတွေဖြစ်နေတာလဲ၊ စာက ဘာပြောထားလို့လဲ" သူ မနေနိုင်ဘဲ စာရွက်ထဲ ဘာရေးထားလဲကြည့်ဖို့ ရှေ့တက်လိုက်တယ်။

ရှန်းရင်က လက်ကို ပြန်ရုပ်ပြီး သက်ပြင်းရှည်ကြီးချတယ်။ နောက်တော့ အမူအရာ ပြောင်းသွားပါလေရော။

သူမက ရုတ်တရက် မိစ္ဆာနတ်ဘုရားကို နွေးထွေးစွာ ပြုံးပြတော့တယ်။ မျက်တောင်တွေကို တလှုပ်လှုပ်ခတ်ပြီး အသံကချိုမြသွားတယ်။

"မိစ္ဆာနတ်ဘုရားရှင့်၊ ကျွန်မရှင့်ကို ကူညီလို့ရတဲ့ တခြားနည်းလမ်းများရှိလား၊ ဘုံနှစ်ခုပေါင်းစပ်တာ မေ့လိုက် - သုံးလောကထဲက ဘုံ၄ခု၊ ၅ခု၊ ၆ခု၊ ၇ခုပေါင်းစပ်ချင်ရင်တောင် ကူညီပေးမှာပါ စမ်းကြည့်ချင်လား"

မိစ္ဆာနတ်ဘုရား ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

"ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူစဉ်းစားလို့ရပါတယ်၊ ရှင်ဆုံးဖြတ်ပြီးတာနဲ့ ကျွန်မကို လွှဲထားလိုက်ပါ၊ ပိုက်ဆံပေးဖို့တောင်မလိုဘူး" သူမရဲ့လေသံက တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားလေရဲ့။

"ရှန်းရင် မင်းရူးနေတာပဲ ဖြစ်ရမယ်" ကူယွဲ့ သူမကို မယုံကြည်နိုင်ဟန် စူးစိုက်ကြည့်လိုက်တယ်။ ဒါက လုံးဝကို အပြုအမူ ရုတ်တရက် ပြောင်းလဲမှုပဲ။

ရှန်းရင်က သူ့ကို မကြားဟန်ဆောင်ပြီး ပိုတောင်တောက်ပစွာနဲ့ပြုံးတော့တယ်။။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now