အခန်း ၂၈၁ ။ တိုက်ရိုက်အွန်လိုင်းဂိမ်းများ

582 85 0
                                    

အခန်း ၂၈၁ ။ တိုက်ရိုက်အွန်လိုင်းဂိမ်းများ

ကူယွဲ့က မောဟိုက်နေတယ်။ ဒီဂိမ်းက အရမ်းကို လက်တွေ့ဆန်လွန်းချက်ပဲ။ အဲတစ်ခဏမှာ သူသေတော့မယ်လို့ တကယ်ထင်နေခဲ့တာ။ သူ သူ့လက်တွေကို ဇဝေဇဝါကြည့်လိုက်တယ်။ အဲဒါက... သူ့ဂိမ်းစွမ်းရည်တွေလား။

"ဖေဖေနျို" ရုတ်တရက် သူ့နားထဲ ရှန်းရင်အသံကို ကြားလိုက်ရတယ်။

သူ ဟိုဟိုဒီဒီကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမှ အနားမှာ ရှာမတွေ့။ တစ်အောင့်အကြာမှာ သူ့အမြင်အာရုံရဲ့ ညာဘက်အောက်မှာ စာအိတ်အဝါတံဆိပ်လေးကို သတိထားမိသွားခဲ့တယ်။ သူ အလိုလို နှိပ်ကြည့်မိလိုက်တယ်။

လွှဲသံပေါ်လာပြီး စာအိတ်ထဲကနေ စခရင်တစ်ခု ခုန်ထွက်လာတယ်။ ရှန်းရင်က စခရင်ပေါ်မှာ။

"မင်း သောက်ကျိုးနည်း ဘယ်ရောက်နေတာလဲ" ကူယွဲ့ ဒေါသနဲ့အော်လိုက်တယ်။

"ဒါ ဘယ်လိုစုတ်ပြတ်တဲ့နေရာကြီးလဲ၊ ပြီးတော့ စောနက အဲဒီသားရဲကောင်ကြီးကရော ဘာတုံး"

"နင်က လူသစ်စမ်းသပ်မှုဧရိယာထဲမှာဟ၊ နင် စာမေးပွဲမအောင်ခင် ငါနင့်ကိုဆက်သွယ်လို့မရဘူး"

လူသစ်ဧရိယာလား။ သူ အခု ပြာမှုန့်တွေအဖြစ် ပြောင်းလဲသွားပြီဖြစ်တဲ့ သားရဲကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တယ်။ သူ့အရုပ်ဆိုးဆိုးပုံစံကလွဲရင် သားရဲက အဆင့်နိမ့်သားရဲလို့ သတ်မှတ်လို့ ရတဲ့အထိ အားနည်းတယ်။ ဒီသုံးဖက်မြင်ပုံရိပ်ဂိမ်းက တကယ်ကို အစစ်အတိုင်းပဲ။

"ငါအောင်သွားပြီလား၊ ဘယ်လိုထွက်ရမလဲ"

"ဘယ်ဘက်ထောင့်အောက်မှာ လှုပ်ရှားမှု သင်္ကေတ ရှိတယ်"

ကူယွဲ့ ငုံ့ကြည့်လိုက်တော့ တကယ်ပဲ သူ့ရဲ့ ဘယ်ဘက်အောက်မှာ အစိမ်းရောင်လူပုံစံလေးတစ်ခုရှိနေတာ မြင်သွားခဲ့တယ်။ သူ ချက်ချင်းလှမ်းနှိပ်လိုက်တော့ မျက်စိတစ်မှိတ်အတွင်း သူ့ကိုယ်သူ တောတန်းစိမ်းနဲ့ ရေတွေကြား ရောက်နေတာ မြင်လိုက်ရတယ်။ သူ့ရှေ့မှာတော့ သစ်သီးအမျိုးမျိုးခင်းကျင်းထားတဲ့ စားပွဲတွေနဲ့ ကုလားထိုင်တချို့ရှိနေတယ်။ ရှန်းရင်က ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်နေပြီး တဂျွတ်ဂျွတ် ဝါးနေတော့တာပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now