အခန်း ၂၆၉ ။ မလိုက်ဖက်သောဝိညာဉ်များ

526 92 0
                                    

အခန်း ၂၆၉ ။ မလိုက်ဖက်သောဝိညာဉ်များ

အမည်းရောင်ပုံသဏ္ဌာန်က တန့်သွားတယ်။ အနီရောင်အလင်းတောင် နည်းနည်းဖျော့တော့သွားသလိုပဲ။ နောက်အခိုက်အတန့်မှာ အဲလူပတ်လည်က အနက်ရောင်ချီက လွင့်ပျယ်သွားခဲ့တယ်။ တဖြည်းဖြည်းချင်း အဲဒါက အပြာရောင် နတ်ဘုရားစွမ်းအင်အဖြစ် ပြောင်းလဲလာခဲ့တယ်။ ဖေဖေနျိုနဲ့ တစ်ပုံစံတည်းတူတဲ့မျက်နှာက စတင်ပေါ်ပေါက်လာခဲ့တယ်။

"အချိန်အတော်ကြာမှ သိမယ်ထင်နေတာ" ချန်းယွဲ့က ခြောက်ကပ်ကပ်ရယ်တယ်။ သူက ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိတော့သလိုမျိုး သူတို့ကို မော့ကြည့်လာတယ်။

"အဲဒါဆိုလည်းအဆင်ပြေတာပဲ၊ မင်းတို့အားလုံးကို အင်းကွက်အ‌တွက် စတေးလို့ရတာပေါ့"

ရုတ်တရက် သူက အုပ်စုဘက်လက်မြှောက်လိုက်တယ်။ သူတို့နောက်က ဆန်းကြယ်ဘုံဆီဝင်ပေါက်က ပိတ်သွားခဲ့တယ်။ အောက်ကဟာလိုမျိုးနဲ့တူတဲ့ အင်းကွက်က လေထဲပေါ်လာတယ်။ သူတို့ဘယ်သူမှ မတုံ့ပြန်နိုင်ခင် တစ်စုံတရာပိကျလာသလို ခံစားလိုက်ရပြီး သူတို့အရှိန်အဝါတွေက မတည်မငြိမ် ဖြစ်လာတော့တာပဲ။  တစ်ခုပြီးတစ်ခု ဓားပျံတွေက မြေကြီးပေါ် ကျလာခဲ့တယ်။ သူတို့ကို ဆက်ပြီးကြာကြာ မထိန်းထားနိုင်တော့ဘူး။

အင်းကွက်ရဲ့အနီရောင်အလင်းက အရှိန်ပြင်းလာတယ်။ သူတို့ပတ်လည်က အရာအားလုံးက သွေးရဲရဲနီကုန်သလို သူတို့ရဲ့မူလဝိညာဉ်တွေက ထိခိုက်ကုန်တာသိလိုက်ရတယ်။ သူတို့ဝိညာဉ်တွေက စတင်ပြီးပြိုကွဲစပြုလာတာကို ခပ်ယဲ့ယဲ့ခံစားလာရတော့တယ်။

ပိုင်ဇယ်က အင်းကွက်တစ်ခု အမြန်စီရင်ပြီး တစ်ဖွဲ့လုံးကိုအထဲဆွဲသွင်းလိုက်တယ်။ အဲတော့မှပဲ အရိုးကွဲမတတ်နာကျင်မှုက နောက်ဆုံးတော့ ရပ်တန့်သွားခဲ့တယ်။

"မင်းက... ကျင့်ကြံဆင့်ကို ဖုံးထားတာပဲ" ပိုင်ဇယ် အင်းကွက်ကိုထိန်းထားဖို့ကြိုးစားရင်း အထိတ်တလန့် ရေရွတ်လိုက်တယ်။ သူတို့တွေ အကြိမ်ရေရာချီ တိုက်ခိုက်ဖူးတာမို့ ချန်းယွဲ့ရဲ့ကျင့်ကြံဆင့်နဲ့ အရင်းနှီးဆုံးပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now