အခန်း ၂၄၃ ။ ရှန်းကျွင်းနဂါးနတ်သမီး

566 99 0
                                    

အခန်း ၂၄၃ ။ ရှန်းကျွင်းနဂါးနတ်သမီး

တောက်လောင်နေတဲ့ အရှိန်အဝါက သူတို့ဆီ ဦးတည်လာတယ်။

ပတ်လည်ကအရာအားလုံးဟာ ဟုန်းဟုန်းတောက်‌နီနေပြီး သူတို့ရှေ့ ချော်ရည်တွေက ငရဲမီးနဂါးအဖြစ် ပုံစံဖွဲ့သွားလေတယ်။ အနီရောင်အတိဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက်က ငရဲမီးနဂါးခေါင်းပေါ် မတ်တပ်ရပ်နေတယ်။ သူမဆံပင်တွေက အင်မတန်ရှည်လျားပြီး ပတ်လည်မှာတော့ အပြာရောင်ကောင်းကင်စွမ်းအင်တွေ။ သူမက တမင်သက်သက် အားနည်းအောင်လုပ်ထားပုံပဲ။ အဝေးကနေတောင် ကြောက်ခမန်းလိလိ အားကောင်းတဲ့ ဖိနှိပ်မှုကိုခံစားရတယ်။ အရေးကြီးဆုံးကတော့ သူမရဲ့ အသွင်အပြင်က သိပ်လှနေတာ - သူမက မြင်ရခဲတဲ့ သူရဲကောင်းပုံစံမျိုးနဲ့တောင် နည်းနည်းတူနေတယ်။

ဝိုး ယွိကျဲ(၁)အငွေ့အသက်ပဲ

[မှတ်ချက် ။ ။ ရင့်ကျက်သန်မာတဲ့ ၂၀-၃၆အရွယ် အမျိုးသမီး]

ကျောင်းလုံ တန့်သွားပြီး ရုန်းဖို့တောင်ခဏမေ့သွားခဲ့တယ်။

"နှုတ်ခွန်းဆက်သပါတယ်၊ ရှန်းကျွင်း" ကျောင်းလုံရဲ့ အကြေးခွံတွေကို ရက်ရက်စက်စက်တိုက်ခိုက်နေတဲ့ နဂါးနှစ်ကောင်လည်း ရုတ်တရက် တန့်သွားတော့တယ်။ သူတို့က မိန်းကလေးနှစ်ယောက်ပုံစံ ပြန်ပြောင်းပြီး ငရဲမီးနဂါးရှေ့ ဒူးထောက်ချလိုက်တယ်။ သူတို့မျက်လုံးတွေက တလက်လက်တောက်ပနေတယ်။

"မြန်သားပဲ ရှန်းကျွင်း"

"အင်း" အမျိုးသမီးက ခေါင်းညိတ်တယ်။ သူမက သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး ငရဲမီးနဂါးပေါ်က ဆင်းလာတယ်။ သူမလှုပ်ရှားမှုတိုင်းက တခြားသူတွေဆီ ကောင်းကင်ဖိနှိပ်လှိုင်းတွေ ပို့လွှတ်နေတယ်။ သူမ မြေကြီးပေါ် ရောက်ရောက်ချင်း ငရဲမီးနဂါးက ချော်ရည်တွေအဖြစ် ပြန်ပြောင်းသွားတယ်။

"ဒီမှာဘာတွေဖြစ်နေတာလဲ"

သူမက မြေကြီးပေါ်က နဂါးအကြေးခွံတွေကို ဝေ့ဝဲကြည့်ပြီး မဆိုစလောက်မျက်မှောင်ကြုတ်လိုက်တယ်။

"ရှန်းကျွင်းကို ဖြေကြားပါတယ်" ဝတ်ရုံစိမ်းနဲ့ မိန်းကလေးက ပြောတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now