အခန်း ၂၆၁ ။ ပိုင်ယွင်၌ ဝိညာဉ်များကို ကုသခြင်း
"ခင်ဗျားမှာ တကယ်ဂျပုလေးကို ကုသဖို့နည်းရှိတာလား" ကူယွဲ့ အသည်းအသန်မေးလိုက်တယ်။
ပိုင်ဇယ်က ကူယွဲ့ကိုလှမ်းကြည့်ချိန် မျက်နှာနီရဲတာလျော့သွားပြီး ပိုချောချောမွေ့မွေ့လည်း ပြောလာနိုင်တယ်။
"ပိုင်ယွင်တောင်မှာ ဝိညာဉ်တွေကိုကုသနိုင်တဲ့ ဝိညာဉ်စမ်းချောင်းရှိတယ်"
ကူယွဲ့က ရင်ခုန်သွားတယ်။
"ကောင်းပြီလေ၊ ချက်ချင်းသွားကြရအောင်"
သူတို့တွေ နောက်ဆုံးကျောင်းဆောင်ကို မြန်မြန်ပြင်ဆင်ပြီး ပင်မခန်းမဆောင်ဝင်ပေါက်ဆီ ပျံသန်းလာခဲ့တယ်။ ကူယွဲ့က သူတို့ရဲ့ လက်ရာကို စောင့်ကြည့်လေ့လာနေတဲ့ ချန်းယွဲ့ကို ကြည့်လိုက်တယ်။
"ချန်းယွဲ့ရှန်းကျွင်း၊ ကျောင်းဆောင်တွေကို ပြန်ဆောက်ပြီးပါပြီ၊ ဒီတစ်ခေါက် ခင်ဗျားကို ပြဿနာအများကြီး ပေးမိခဲ့တယ်၊ အခု ကျုပ်တို့ အလျင်လိုနေပြီး တပည့်ကို ကုသပေးရမှာမို့ ဒီမှာဆက်မနေတော့ပါဘူး"
ချန်းယွဲ့ခေါင်းညိတ်ပြီး အုပ်စုကိုထပ်ပြီးအခက်တွေ့အောင်လုပ်မယ် မစဉ်းစားတော့ဘူး။
"ငါ့ခြေတစ်ထောင်တောင်ကို နဂိုမူလအခြေအနေ ပြင်ဆင်ပြီးပြီဆိုတော့ မင်းတို့အားလုံးကို ဒီမှာ အတင်းအကြပ် မနေခိုင်းတော့ပါဘူး"
သူ တစ်ဖက်လှည့်ပြီး သူတို့ဘာစဉ်းစားနေလဲခန့်မှန်းနေတဲ့ဟန်နဲ့ ရွှမ်ထုံ့ကို လှမ်းကြည့်တယ်။
"ဒီမိန်းကလေးရွှမ်ထုံရဲ့မူလဝိညာဉ်က မတည်ငြိမ်ဘူး၊ တကယ်လို့ သူ ဝိညာဉ်စမ်းချောင်းကို သွားရင်တောင် သူ့ကိုကာကွယ်ဖို့ အားလုံး မသေမျိုးချီကို သုံးဖို့လိုတယ်၊ မဟုတ်ရင် သူ ပြန်သက်သာလာနိုင်မှာ မဟုတ်ဘူး"
"အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ် ချန်းယွဲ့ရှန်းကျွင်း"
သူတို့တွေ ဆက်မနေတော့ဘဲ ဓားတွေပေါ်တက်လိုက်ကြတယ်။ ချန်းယွဲ့က စည်းချိပ်တစ်ခုဖန်တီးကာ ခြေတစ်ထောင်တောင်ကနေထွက်ဖို့ ဖန်တောင်ထွတ်တွေအားလုံးကိုတစ်ဖက်စီ ကပ်လိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်