အခန်း ၂၁၇ ။ ကြိုးကိုင်သူ
"ဆရာ" ယိချင်းက ရှန်းရင်ပြန်ရောက်လာတာကို ပထမဆုံး သတိပြုမိသူဆိုပေမဲ့ သွားဖို့ကြိုးစားချိန် တခြားဧကရာဇ်ဆယ်ပါး ကာဆီးတာခံလိုက်ရတယ်။
ရှန်းရင် ထွက်သွားတဲ့အချိန်က မတိုတောင်းသလို ဝူတိဂိုဏ်းရဲ့တိုက်ပွဲက ခက်ခဲလာပြီ။ တပည့်တွေက အားမနည်းဘူးဆိုပေမဲ့ တစ်ဖက်က လူများလွန်းနေတာ။ အထူးသဖြင့် တောင်အကာအကွယ်အင်းကွက် ကျိုးပေါက်သွားချိန် ပြန်ဆုတ်စရာနေရာမရှိတော့တာပဲ။ အချိန်တွေကြာလာတော့ အမတတွေတောင် ပင်ပန်းလာမှာပဲ။ ဒဏ်ရာရသွားတဲ့ တပည့်တချို့တောင်ရှိတယ်။
"စိတ်နှလုံးကောင်း" လန်ဟွားက သူ့နတ်ဆိုးချီကို သုံးပြီး ပိုအားနည်းတဲ့ မြေအမတတပည့်တွေကို ကာကွယ်ပေးလိုက်တယ်။ သူနောက်တော့ တစ်ဖက်လှည့်ကာ မေးလိုက်တယ်။
"ဘာလို့အခုမှပြန်လာရတာလဲ၊ ဘာတွေဖြစ်နေတာတုံး"
"..."
"ဟေး အဆင်ပြေရဲ့လား" သူမ ပြန်မဖြေတာမြင်တော့ လန်ဟွား သူမကိုတွန်းလိုက်တယ်။
"ဘာတွေ စိတ်လွင့်နေတာလဲ"
"ဘာဖြစ်နေတာတုံး"
"ဘာဖြစ်နေတာတုံး၊ တခြားဘာဖြစ်ရမှာလဲ" လန်ဟွားက သူမကိုဒေါသတကြီးကြည့်လိုက်တယ်။
"မင်းမမြင်ဘူးလား၊ ငါတို့ကိုကူဦး ဒီလိုသာဆက်သွားနေရင် မုန်လာဥဖြူတွေရှိနေတဲ့ တောင်အနောက်ဘက်ဆီ သူတို့တကယ်ဝင်သွားတော့မယ်"
ရှန်းရင် ခေါင်းမော့ပြီး ကောင်းကင်အပြည့်အမတတွေကိုကြည့်လိုက်တယ်။ နေရာတိုင်းမှာ ဂါထာတွေဆီက မီးပွားမီးစတွေနဲ့ မြေပြင်ပေါ် လက်နက်မျိုးစုံ။
သူမချက်ချင်းမျက်ခုံးကြုံ့မိသွားတယ်။ ဒါ တကယ်ကို... အတော်လေး စိတ်ရှုပ်စရာပဲ
(╰_╯)#
ရှန်းရင် ပြန်ဖြေလိုက်တယ်။
"အော်"
နောက်တော့ ထရပ်ပြီး မြေကြီးထဲ စိုက်ဝင်နေတဲ့ ဓားကို ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်တယ်။
"စိတ်ကောင်း၊ မင်း တောင်အနောက်ဘက်သွားပြီး ကာကွယ်..."
လန်ဟွား သူမကို တောင်အနောက်ဘက်သွားပြီး ကာကွယ်ခိုင်းမို့ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့နဲ့ တခြားသူတွေက အဲမှာရှိနေပြီး အင်းကွက်အစီအရင်တစ်ခု ရှိတာကိုး။ ဒါပေမဲ့ သူ စကားတောင်မဆုံးသေး ပခုံးပေါ် လေးခနဲဖြစ်သွားပြီး ဘေးတွန်းထုတ်တာခံလိုက်ရတယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်